ကျောင်းသားများဒီမိုကရေစီအရေးတော်ပုံပါတီကို ၁၉၈၈ အောက်တိုဘာလတွင် ဖွဲ့စည်း ခဲ့စဉ်က စက်မှုတက္ကသိုလ်ကျောင်းသားခေါင်းဆောင်ဆိုသူ အေးလွင်ကဥက္ကဋ္ဌဖြစ်သည်။ ဒု-ဥက္ကဋ္ဌမှာ ကိုတင်မောင်မောင်ထွေးဖြစ်သည်။ အေးလွင်သည် ဥက္ကဋ္ဌနေရာကိုရယူခဲ့ပြီး စစ်အုပ် စုထောက်လှမ်းရေးနှင့်ပူးပေါင်းကာ သူ၏သဘောတရားဖြစ်သည့် စစ်အုပ်စုနှင့်ပေါင်းရမည် ဟူ သော အညံ့ခံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သူဖြစ်သည်။ ပုဒ်မ၄၀၆ငွေအလွဲသုံးစားမှု(ငွေ လိမ်မှု)နှင့် ထောင်ကျခဲ့ရာ၊ ထောက်လှမ်းရေးနှင့် လက်ဝါးချင်းရိုက်ကာ ထောင်မှထွက်လာပြီး စစ်အုပ်စုအလိုကျ စစ်အာဏာရှင်စနစ်ကို ထောက်ခံအားပေးခဲ့သည်။ တနည်းအားဖြင့် စစ်အုပ် စု၏ ခွေးခုန်တက်(ခွေးကတက်)တွင် စစ်ဖိနပ်လျှာနှင့်လျှက်ကာသစ္စာဖောက် လောက်ကောင် အဖြစ်နှင့် ရပ်တည်နေသူဖြစ်သည်။ ဒု-ဥက္ကဋ္ဌ ကိုတင်မောင်ထွေးထွေးမှာ သစ္စာဖောက်လုပ်ငန်းတွင် မပါဝင်လိုသည်ကတ ကြောင်း ဒုတိယအကြိမ် ထောက်လှမ်းရေးက ဖမ်းဆီးထောင်ချဖို့ ကြိုးစားလာနေစဉ် နယ်စပ် တော်လှန်ရေးဒေသသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌဆိုသူအေးလွင်နှင့် ဒု-ဥက္ကဋ္ဌဖြစ်သူ ကိုတင်မောင် မောင်ထွေးတို့ကြားတွင် အလွန်အမင်းကွာခြားသည့် အချက်များရှိနေသည်။ အေးလွင်က စစ်အာဏာရှင်စနစ်ကို ထောက်ကူရေး၊ ကိုတင်မောင်မောင်ထွေးက အပြီးအပြတ် ဖျက်သိမ်းရေး၊ အေးလွင်က စစ်အုပ်စုကိုသစ္စာခံ လူထုကိုသစ္စာဖောက်ရေး၊ သူကလူထုဘက်မှ ရပ်ကာ စစ်အုပ်စုကိုဆန့်ကျင် အာခံရေးဖြစ်သည်။ ဤသို့အားဖြင့် ကွာခြားဆန့်ကျင်ခဲ့ကြသည်။ ကိုတင်မောင်ထွေးက အမေရိကန်သို့ ရောက်လာခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုကို အဆက် မဖြတ်ခဲ့။ ဗမာပြည်စစ်အာဏာရှင်စနစ် ဖျက်သိမ်းပစ်ရေး၊ ဒီမိုကရေစီရေးအတွက် သူယုံကြည် သည့် နိုင်ငံရေးကိုဆုပ်ကိုင်ကာ ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသည်။ “မြန်မာနိုင်ငံ အမျိုးသား လူငယ်များအဖွဲ့ချုပ် (အမေရိကန်)”ကို ၂၀၀၁ ခုတွင် ဖွဲ့စည်းစဉ်ဗဟိုဦးစီးအဖွဲ့၊ အထွေထွေ အ တွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသူ။ ယခုတိုင် သူ့အဖွဲ့အစည်းနှင့်အတူ လူထုဘက် မှရပ်တည်ဆဲ။ လှုပ်ရှားဆဲ။ ကိုတင်မောင်မောင်ထွေးနှင့် သစ္စာမဂ္ဂဇင်း အယ်ဒီတာအဖွဲ့တို့ တွေ့ဆုံမေးမြန်းခန်း စက်တင်ဘာ ၁၇၊ ၂၀၀၆ အယ်ဒီတာ။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ထွက်လာခဲ့တဲ့ကာလထဲမှာ အင်္ဂ လိပ်စာ ဂုဏ်ထူးတန်းတက်နေတဲ့ ရန်ကုန်တက္ကသိုလ်က ကိုတင် မောင်မောင်ထွေးနဲ့ စက်မှု တက္ကသိုလ်ကျောင်းသား အေးလွင်တို့ပူးပေါင်းပြီး ကျောင်းသားပါတီ တခု ဖွဲ့စည်းလိုက်တယ်နော်။ ပြောပါအုံးပါတီအမည်က။ ကိုတင်မောင်မောင်ထွေး။ ။ ကျောင်းသားများ ဒီမိုကရေစီ အရေးတော်ပုံပါတီ။ (Students' Revolutionary Party for Democarcy) အယ်ဒီတာ။ ။ အရေးတော်ပုံကာလအတွင်း အေးလွင်နဲ့ကိုတင်မောင်မောင်ထွေး တို့ ဘယ်လိုတွေ့ဆုံလှုပ်ရှားခဲ့သလဲ ဘယ်လိုရည်ရွယ်ချက် တွေနဲ့ ပါတီကိုဖွဲ့စည်းခဲ့သလဲ သိပါရစေဗျာ။ ကိုတင်မောင်မောင်ထွေး။ ။ ပြောမယ်ဆိုရင် အများကြီးပဲ။ ဒါပေမယ့် အကျဉ်းချုပ်ပြီးပြောပါ့ မယ်။ အရေးတော်ပုံကာလထဲမှာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင် (၁၁၉) ဦးက ကြီးငါးကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနု၊ ဦးတင်ဦး၊ ဦးအောင် ကြီးနဲ့ ဗိုလ်ရန်နိုင်တို့ကိုဦးခိုက်ပြီး စင်ပြိုင်အစိုးရဖွဲ့ဖို့ ဆေးတက္ကသိုလ်အမှတ် (၁) ကြိုးစားကြ စဉ် အေးလွင်နဲ့ဆုံစည်းခဲ့တာပါ။ ကျောင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဒီမို ကရေစီလှုပ်ရှားသူတွေအားလုံးပဲဆေး(၁)မှာ စုစည်းရောက်ရှိလာခဲ့ကြတာပါ။ အဲဒီမှာအေးလွင် ကိုစတွေ့ခဲ့တာ။ ဘွဲ့နှင်းသဘင်ခန်းမမှာ စင်ပြိုင်အစိုးရဖွဲ့စည်းရေးအတွက် ပေါင်းဆုံကြတော့ လည်း အေးလွင်ကိုထပ်တွေ့ရတာပါပဲ။ အဲ့ဒီကာလနောက်ပိုင်းမှာ ကျောင်းသားတွေ နိုင်ငံရေး လှုပ်ရှားခွင့်ရဖို့အတွက် စစ်အုပ်စုပေးတဲ့ပလက်ဖောင်းကိုတက်ပြီး နိုင်ငံရေးပါတီတွေ ထူထောင် ဖို့ကြိုးစားကြစဉ်မှာလည်း အေးလွင်နဲ့ထပ်ဆုံဖြစ်ကြတယ်။ အဲဒီတုန်းကလွစ္စလမ်းမှာ ကိုမိုးသီး ဇွန်နဲ့အေးလွင် ပါတီတခုထူထောင်ဖို့လုပ်ကြသေးတယ်။ သဘောထား အမြင်တွေမတူလို့ လမ်း ခွဲလိုက်ကြတာဖြစ်တယ်။ နောက်တော့ အေးလွင်တို့အုပ်စုနဲ့ကျနော်တို့ ကျောင်းသား အဖွဲ့ အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်ပါတီနဲ့ပေါင်းပြီးစော စောကပြောခဲ့တဲ့ ကျောင်းသားများ ဒီမိုကရေစီအရေးတော်ပုံပါတီကို ဖွဲ့လိုက်ပါတယ်။ အယ်ဒီတာ။ ။ ကိုတင်မောင်ထွေးတို့ ကျောင်းသားများဒီမိုကရက်တစ်ပါတီကဘယ် တုန်းက ဖွဲ့စည်းခဲ့တာလဲ။ ကိုတင်မောင်မောင်ထွေး။ ။ ဒေါက်တမောင်မောင်သမ္မတဖြစ်လာစဉ်ကာလမှာ ကျနော်တို့ ဖွဲ့စည်းခဲ့တာ။ အယ်ဒီတာ။ ။ ကျောင်းသားများဒီမိုကရေစီအရေးတော်ပုံပါတီကို ဖွဲ့စည်းရခြင်းရည်ရွယ် ချက်က။ ကိုတင်မောင်မောင်ထွေး။ ။ ရွေးကောက်ပွဲဝင်ဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး။ စစ်အာဏာရှင် စနစ်ကို ဆက်လက်တိုက်ပွဲဝင်ဖို့ ဖျက်သိမ်းဖို့အတွက် ဖွဲ့စည်း တာဖြစ်တယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံရေးပါတီတွေဖွဲ့စည်းခွင့် ပလက် ဖောင်းရတဲ့အတွက် ဒီအခွင့်အရေးကို အရယူပြီး နိုင်ငံရေးလှုပ်ရှားလို့ရအောင် ပါတီဆိုင်းဘုတ် တင်ခြင်းဖြစ်ပါတယ်။ ဒီထက်မပိုဘူး။ အယ်ဒီတာ။ ။ အေးလွင်က စစ်အုပ်စုနဲ့ပေါင်းပြီး ညောင်နှစ်ပင်အစည်းအဝေးကို တက်ဖို့ ပြင်တော့ ကိုတင်မောင်မောင်ထွေးတို့ရဲ့ အဖွဲ့အစည်းနာမည်ကို ပြောင်းပေး လိုက်ပုံရတယ်။ ကျောင်းသားများဒီမိုကရေစီအရေးတော်ပုံပါတီမဟုတ်တော့ဘူး။ ကိုတင်မောင်မောင်ထွေး။ ။ (ရယ်မော်လျှက်) အရေးတော်ပုံပါတီဆိုတဲ့နာမည်ကို စစ်အုပ်စု ကဘယ်လက်ခံမလဲ။ ဒီနာမည်ကို ကျနော်တို့က တမင်ရွေးချယ် ခဲ့တာဖြစ်တယ်လေ။ စစ်အုပ်စု ခိုးလိုးခုလုဖြစ်အောင် အညှောင့်ထောင်ထားတဲ့နာမည်။ အရေး တော်ပုံဆိုတာ တော်လှန်ရေးပဲ၊ ပုန်ကန်ထကြွတဲ့သဘောဖြစ်တယ် မဟုတ်လား။ စစ်အုပ်စုကို စူးစေတဲ့အညှောင့်လေ။ ဒါကြောင့် အေးလွင်က စစ်အုပ်စုနဲ့ပေါင်းစည်းလို့ရအောင် ဒီတော်လှန် ရေး နာမည်ကို ဖျက်လိုက်ရတာပေါ့ဗျာ။ အယ်ဒီတာ။ ။ အေးလွင်က ဥက္ကဋ္ဌ၊ ခင်ဗျားက ဒု-ဥက္ကဋ္ဌဆိုတော့ နိုင်ငံရေးလှုပ်ရှားရတာ အတွဲညီမယ်ထင်တယ်။ အတွဲညီမှလည်း လှုပ်ရှားလို့ပိုကောင်းမယ် မဟုတ် လား။ ကျနော်က သိလို့မဟုတ်ဘူးနော်၊ မှန်းဆပြီးမေးကြည့်တာ။ ကိုတင်မောင်မောင်ထွေး။ ။ တကယ်တန်း နိုင်ငံရေးလှုပ်ရှားမှုခွင်(ဂွင်)ထဲ ရောက်လာတဲ့ အခါမှာတော့ သိပ်ကြီးမားတဲ့ကွာခြားချက်တွေ တွေ့လာရတယ်။ နေ၀င်းစစ်အုပ်စုထဲက နေ၀င်းရဲ့ ညာလက်ရုံးအောင်ကြီးကို အေးလွင်ကအတော်ပေါင်းခဲ့တာ။ အောင်ကြီးနဲ့ပိုပြီး ထိတွေ့ရင်းနှီးခွင့်ရသွားတာအစ နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးနဲ့ ပေါင်း တဲ့အဆုံး ပါတီဝင်တွေက သူ့ကိုအယုံအကြည်နည်းကြတယ်။ အခြားအဖွဲ့အစည်းတွေကလည်း သူ့ကို အယုံအကြည်မရှိတဲ့လူ အတော်များတယ်။ အယ်ဒီတာ။ ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ဖို့အတွက် ပါတီဖွဲ့စည်းပြီးနိုင်ငံ ရေး လှုပ်ရှားတယ်လည်းပြောသေးရဲ့ ထောက်လမ်းရေးနဲ့ပေါင်းတာ၊ ပေါင်း ပြီးလှုပ်ရှားတယ်ဆိုတော့ ကျနော်ဘယ်လိုမှ နားမလည်တော့ဘူးဗျာ။ လိုက်မမှီတော့ဘူး။ ကိုတင်မောင်မောင်ထွေး။ ။ အေးလွင်နဲ့ကျနော် သဘောထားကွဲလွဲကြတာ အဲဒီအချက်ပါပဲ။ မကသ မင်းဇေယျာကို အေးလွင်ကလိုလားတယ်ဗျ။ ကျနော်တို့ ရုံးခန်းကို မင်းဇေယျာလာတယ်၊ ထိုင်းကပြန်လာတဲ့ အောင်ဒင်လည်းလာတယ်။ အောင်ဒင်က ဦးနုအဖွဲ့ကလို့ပြောတယ်။ အေးလွင်ကသူတို့နဲ့ တီးတိုးလုပ်တယ်။ ကျနော်က အဲဒီလူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆောင်ရွက်ခွင့်မရှိဘူး။ မင်းဇေယျာနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ စစ်ထောက် လှမ်း ရေးတွေ ပါလာတယ်။ အဲဒီ စစ်ထောက်လှမ်းရေးတို့ မင်းဇေယျာတို့ပါတီရုံးအပေါ်ထပ်မှာ တွေ့ဆုံဆွေးနွေးကြတာပေါ့။ အဲဒီအချိန်မှာ ကျနော်သိလာတာကတော့ ဒီလူတွေဟာ အေးလွင် နဲ့မင်းဇေယျာတို့ဟာ လမ်းမှားကို စတင်ဦးတည်နေပြီလို့ သိလိုက်ပြီ။ ကျနော့်အနေနဲ့ ဘာမှ ပြောလို့မရဘူး။ သူတို့အုပ်စုတွေက အင်အားများနေတယ်။ ကျနော် ရှေ့မတိုးသာတော့ဘူး။ ကျနော်က အနည်းစု။ အယ်ဒီတာ။ ။ ကျနော်က အနည်းစုဆိုတော့ ခင်ဗျားတို့က ဘယ်နှစ်ယောက်ရှိလဲ။ ကိုတင်မောင်မောင်ထွေး။ ။ ကျနော်နဲ့ အမျိုးသမီးနှစ်ယောက်သုံးယောက်ပဲရှိတယ်။ သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ အတွင်းစည်းမှာ ဘာမှပြောမပြချမ ပြဘူးလေ။ စစ်ထောက်လှမ်းရေးနဲ့ ဘယ်လိုအကွက်ရိုက်ထားတယ်ဆိုတာ ကျနော့်ကို ထုတ်မ ပြောဘူး။ လျှို့ဝှက်လုပ်နေကြတာ ဖြစ်တယ်။ အဲဒီထဲက ဆပ်စပက် (suspect) ဖြစ်လာတဲ့ အ ပြင် အေးလွင်ကတော့ လောဘကြီးလာပြီလို့ ကျနော်မြင်လာတယ်။ အဲဒါကြောင့် မျိုးဆက်သစ် အားမာန်လူငယ်တပ်ဦး (မြန်မာနိုင်ငံ) စီအီးစီ (CEC) အဖြစ်နဲ့ ၀င်လုပ်တယ်။ (The Might Of New Generation Youth Front (BURMA))။ အယ်ဒီတာ။ ။ ခရေပင်လမ်းခွဲလား ယင်းမာပင်လမ်းခွဲလား လမ်းခွဲရောက်လာတယ်ပေါ့ ဟုတ်လား။ အဓိက လမ်းခွဲရတဲ့အကြောင်းကို တချက်ထဲနဲ့ထိမိအောင် ပြော ပြနိုင်ပါ့မလား။ ကိုတင်မောင်မောင်ထွေး။ ။ သူ့အတွေးအခေါ်ကိုမကြိုက်လို့ဘဲ။ မကြိုက်ဘူးဆိုတာထက်သူ နဲ့တွဲပြီးနိုင်ငံရေးလှုပ်ရှားလို့မရတော့ဘူး။ မဖြစ်နိုင်တော့ဘူးလေ။ အေးလွင်က ရွေးကောက်ပွဲဝင်ရမယ်၊ စစ်အုပ်စုချပေးတဲ့လမ်းကြောင်းပေါ်မှာ ဘယ်လိုကွေ့ ကောက်လှည့်ပတ်လျှောက်ရမလဲ လျှောက်မယ်ဆိုတဲ့ အတွေးအခေါ်ဟာ ကျနော်နဲ့တွဲလုပ်လို့ မရတော့တဲ့ အတွေးအခေါ်ပဲ။ အခုလည်းပဲ အညံ့ခံရေးအတွေးအခေါ်အတိုင်းပါပဲ။ အခုလည်း စစ်အုပ်စုကို နှစ်ပေါက်တပေါက်ရိုက်ပြီး ဖျောင်းဖျနိုင်မယ်၊ လှည့်နိုင်လိမ့်မယ်လို့ယုံထားပုံရ တယ်။ အင်မတန်ဂုဏ်သိက္ခာသမာဓိရှိတဲ့ နိုင်ငံရေးသုခမိန်လို့ သူ့ကိုယ်သူမြင်ထားတယ်။ ရှေ့ မတိုးနောက်မဆုတ်သာဖြစ်နေရင် သူ့အနေနဲ့ ကြားဝင်စေ့စပ်လို့ရမယ်လို့ မြင်ထားပုံရတယ်။သူ့ လုပ်ရပ်တွေကို ဒိအတိုင်းပဲ သူ့ကိုသုံးသပ်လို့ရတယ်။ ဒါကြောင့်လဲ သူ့နောက်လိုက်နဲ့ သူ့ကို ယုံကြည်တဲ့လူ အင်မတန်နည်းပါတယ်။ အယ်ဒီတာ။ ။ ကိုတင်မောင်မောင်ထွေးပြောသွားတဲ့အထဲမှာ ရှေ့မတိုးနောက်မဆုတ်ဖြစ် နေတဲ့အခြေအနေမှာ ကြားဝင်ပြီးနိုင်ငံရေးသုခမိန်လုပ်မယ်ဆိုတဲ့ စိတ်ကူး ယဉ်ထားတဲ့လူတွေကိုစစ်အုပ်စုကခေါ်သုံးပါ့မလား။ ဘယ်လိုခင်ဗျားသုံးသပ်မိသလဲ။ အေးလွင် ရဲ့ အနာဂတ်ကိုပြောနိုင်မလား။ ကိုတင်မောင်မောင်ထွေး။ ။ တကယ်တော့ အေးလွင်တယောက်ထဲတော့ မဟုတ်ဘူးဗျ။အခု သုံးလေးနှစ်အတွင်းမှာ အေးလွင်လိုကြားဝင်ပြီး နိုင်ငံရေးသုခမိန် လုပ်ချင်တဲ့လူတွေ စိတ်ကူးယဉ်တဲ့ အမေရိကန်တက္ကသိုလ်ကျောင်းဆင်း ပညာတတ်တွေ ဟို ချောင်ကတယောက် ဒီချောင်ကတယောက် ထွက်လာတယ်။ နေရာသမားတွေ၊ အခွင့်အရေး သမားတွေလို့ပြောလို့ရတယ်။ နေ၀င်းရဲ့ညာလက်ရုံး စစ်တပ်ကိုစိတ်နဲ့တောင် မပစ်မှားပါနဲ့လို့ ပြောခဲ့တဲ့ အောင်ကြီး၊ စစ်အာဏာရှင်စနစ်ထဲကဗိသုကာ အဲဒါတောင်သန်းရွှေစစ်အုပ်စုကခေါ် မသုံးဘူး။ အဲဒီတော့ အေးလွင်တို့လို နေရာရူး၊ အာဏာရူး အခွင့်အရေးသမားလုပ်ဖို့ရူးနေတဲ့ စိတ်ကူးယဉ်သမားတွေကို ပြောချင်တာကတော့ ဘာမှရူးမနေနဲ့၊ စိတ်ကူးယဉ်မနေကြနဲ့ စစ် အုပ်စုကချပေးတဲ့လမ်းအတိုင်း နိုင်ငံရေးလုပ်မယ်ဆိုရင် သစ္စာဖောက်တဲ့လုပ်ငန်းပဲ လုပ်လို့ရ မယ်။ အာဏာရှင်ကြီးပွားရေးလမ်းပဲ လုပ်လို့ရမယ်လို့ ပြောချင်ပါတယ်။ လွယ်လွယ်ကူကူပဲ စဉ်းစားလို့ရပါတယ်။ စစ်အာဏာရှင်က သူတို့လက်သပ်မွေးထားတဲ့ ယုံကြည်ရတဲ့ကေဒါတွေပဲ ရှေ့တန်းတင်မှာပေါ့ ဒီမိုကရေစီတော်လှန်ရေး အသိုင်းအ၀ိုင်းလူက အေးလွင်တို့လိုလူတွေက တော်လှန်ရေးနဲ့ လူထုကိုသစ္စာဖောက်၊ ဖောက်ပြန်ပြီးတော့မှစစ်အုပ် စုဆီရောက်လာမှာ စစ်အုပ်စုကအဲဒီဖောက်ပြန်ရေးသမားတွေကိုဘယ်တော့မှ မယုံကြည်ဘူး။ အသုံးချချင်ရင်တော့ အဲဒီဖောက်ပြန်ရေးသမားတွေ၊ လူထုသစ္စာဖောက်တွေကို ချနင်းဖို့ပဲ သုံး လိမ့်မယ်။ သေရင်တောင် အလောင်းပြပြီး စစ်အုပ်စုက ဖဲဒိုင်ခံစားလိမ့်မယ်။ အဲဒီလိုချနင်းမှာ အသုံးချမှာ။ ခက်တာက နေရာရူး၊ အာဏာရူးတဲ့ စိတ်ကူးယဉ်အာဏာရူးရောဂါက ပြည်ပက လူတချို့နဲ့ ပြည်တွင်းကလူတချို့မှာ တူနေကြတယ်။ အေးလွင်တို့လို လက်တဆုပ်စာတောင် မရှိတဲ့ စိတ်ကူးယဉ် အရူးရောဂါဟာ ပြည်ပမှာပါရှိနေပါတယ်။ ဒါပေမယ့် ဘာမှမပူကြပါနဲ့လို့ ပြောချင်တယ်။ ဘာကြောင့်ဆို သူ့ရောဂါနဲ့သူ သူ့အလိုလို သေသွားကြမှာမို့လို့ပါ။ အယ်ဒီတာ။ ။ ဥက္ကဋ္ဌအေးလွင် ထောင်ထဲရောက်တော့ ကိုတင်မောင်မောင်ထွေးပြည်တွင်း မှာရှိသေးလား။ ကိုတင်မောင်မောင်ထွေး။ ။ ကျနော်မရှိတော့ဘူး။ မြေပေါ်နိုင်ငံရေးကို အယုံအကြည်မရှိ တော့ပါသဖြင့် ပါတီမှ ရာသက်ပန် တရားဝင် နှုတ်ထွက်ကြောင်း စာရွက်ဖြူပေါ်မှာ မှင်အနီနဲ့ရေး ပြီး နှုတ်ထွက်ခဲ့တယ်။ အယ်ဒီတာ။ ။ နေ၀င်းစစ်အုပ်စုနဲ့ သန်းရွှေ(အေး)စစ်အုပ်စု တူမတူ ဘယ်လိုသုံးသပ်ချင်သ လဲ။ အေးလွင်ကတော့အတူတူမဟုတ်ပါဘူးလို့ ပြောထားတယ်။ ကိုတင်မောင်မောင်ထွေး။ ။ စစ်အုပ်စု နှစ်စုစလုံးဟာ စစ်ပဒေသရာဇ်ရူး ရူးတာတော့အတူ တူပဲ။ အာဏာကိုလက်ထဲမှာ သော့ခတ်စွဲကိုင်ထားရေးက အတူ တူပဲ။ နည်းနည်းကွာခြားတာက နေ၀င်းကဒီမိုကရေစီကို အငွေ့အသက်လောက် လက်ခံတယ်။ သန်းရွှေစစ်အုပ်စုက ဒီမိုကရေစီဆိုလို့ ဒဒွေးကိုတောင် ဗမာအက္ခရာထဲက ထုတ်ပယ်လိုက်ချင် တာ။ ဒီမိုကရေစီဆိုတာကို ကြားကိုမကြားချင်တာ။ အယ်ဒီတာ။ ။ အမျိုးသားနိုင်ငံရေးဆိုတဲ့ အင်မတန်ဖြူစင်မြင့်မြတ်တဲ့ ခေါင်းစီးနဖူးဆိုင်း ဘုတ်အောက်မှာ စစ်အုပ်စုကလဲသူ့အဓိပ္ပာယ်ကို သူကိုယ်တိုင် ဖေါ်ထုတ်နေ တယ်။ အဖိနှိပ်ခံအမျိုးသား လူထုတွေကလည်း သူ့အဓိပ္ပာယ်နဲ့သူလုပ်နေကြတယ်။ အမျိုးသား နိုင်ငံရေးက နှစ်မျိုးဖြစ်နေတယ်။ ဒါကို ဘယ်လိုပြောလိုပါသလဲ။ ကိုတင်မောင်မောင်ထွေး။ ။ ဒါက ရှင်းပါတယ်။ National Politic ဆိုတာက တနိုင်ငံလုံးတ မျိုးသားလုံးနဲ့ ဆိုင်တယ်။ တနိုင်ငံလုံးက အုန်းအုန်းကျွက်ကျွက် တောင်းဆိုနေတဲ့ အမျိုးသားနိုင်ငံရေးက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီပဲ။ စစ်အုပ်စုရဲ့နိုင်ငံရေးက အမျိုးသားနိုင်ငံရေးမဟုတ်ဘူး၊ လူတစုကောင်းစားရေး လူတန်းစားတ ရပ် ကောင်းစားရေးနိုင်ငံရေးဖြစ်တယ်။ အယ်ဒီတာ။ ။ စောစောကကိုတင်မောင်မောင်ထွေးပြောခဲ့တဲ့ ကြားဝင်စေ့စပ်ရင်အောင်မြင် မှာပဲဆိုပြီး စိတ်ကူးယဉ်နေတဲ့သုခမိန်လုပ်လိုတဲ့လူတွေ၊ နေရာရူး အာဏာရူး တွေက စစ်အုပ်စုကပေးထားတဲ့လမ်းပြမြေပုံအတိုင်း ပူးပေါင်းဆောင်ရွက်ရင် ဒီမိုကရေစီကူး ပြောင်းရေးဟာ ပြီးမြောက်သွားမယ်လို့ အော်ဟစ်နေကြတယ်။ ခင်ဗျားဘယ်လို မြင်သလဲ။ ကိုတင်မောင်မောင်ထွေး။ ။ လမ်းပြမြေပုံတို့ ညောင်နှစ်ပင် ညီလာခံတို့ဆိုတာ စစ်အုပ်စုက ဗန်းပြထားတာ။ ရုပ်ပြလုပ်ထားတာ တကယ်တန်းကြတော့ သူ တို့ထုတ်ထားတဲ့ တရားဥပဒေတောင်မှ တိုးချင်တိုးတယ်၊ လျှော့ချင်ရင်လျှော့တယ်။ လုပ်ချင် လုပ်နေတယ်။ ဘယ်သူက အာမခံနိုင်မလဲ။ စစ်အုပ်စုရဲ့ထိပ်ကလူကော အလယ်ကလူ နောက် ကလူ ဘယ်သူမှအာမ မခံနိုင်ဘူး။ ဒီတော့ လမ်းပြမြေပုံနဲ့ညောင်နှစ်ပင်ကို အောင်မြင်ရင် အောင်လုပ်ရင်လည်း သူတို့စစ်အုပ်စုအာဏာရမှာပဲ၊ ကြံ့ကြာနေရင်လည်း အာဏာရနေမှာပဲ။ ဘာနဲ့သွားတူသလဲဆိုတော့ သူတို့က ခေါင်းယူထားပြီးသား သူတို့စစ်အုပ်စုက ခေါင်းပန်းလှန် တဲ့ ဒင်္ဂါးပြားကို နှစ်ဖက်စလုံးခေါင်းလုပ်ထားပြီးသား။ ကျနော်တို့ပြည်သူတွေ ဒီမိုကရေစီအင် အားစုတွေက ပန်းကို ရွေးမိတဲ့လူ။ အယ်ဒီတာ။ ။ နိဂုံးချုပ်အနေနဲ့မေးပါရစေ။ ယနေ့ကာလမှာ အတွေးအခေါ်တိုက်ပွဲကော လူ ထုတိုက်ပွဲပါမြင့်တက်လာနေဆဲမှာ ပြည်တွင်းက ကျောင်းသားခေါင်းဆောင် တွေကို ဖက်ဆစ်စစ်အုပ်စု ရန်သူတွေက ၂၀၀၆ စက်တင်ဘာ ၂၇ မှာ ထပ်ပြီး ဖမ်းဆီးလိုက် တယ်။ တိုက်ပွဲတွေက ထပ်ပြီးပြင်းထန်လာတယ်။ တချိန်ထဲမှာပဲ (၈၈) မျိုး ဆက်ကျောင်းသား တချို့ (တချို့) ကတော့ရန်သူနဲ့ လက်တွဲနှုတ်ဆက်ပြီးတန်ပြန်တော်လှန်ရေး လုပ်ရပ်တွေကို အ ဖောက်ပြန်ဆုံးလုပ်လာတယ်။ တနည်းအားဖြင့် လူထုတိုက်ပွဲတွေကို ဆန့်ကျင် ပြလိုက်တာ ဖြစ်တယ်။ တချို့ ... တချို့သော ခွေးကတက်တွေဆိုရင် လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်ပြီး ဖက်ဆစ်စစ်အုပ်စုကို တိုက်ခဲ့ကြသေးတယ် မဟုတ်လား။ ခွေးကတက်တက် ဖို့စစ်ဖိ နပ်လျှာနဲ့ (ရက်)လျှက်ပေးဖို့ဆိုရင် တော်လှန်ရေးထဲ ... လူထုတိုက်ပွဲတွေထဲပါဝင် ခဲ့ဖို့တောင် မလိုပါဘူးဗျာ ...။ ကိုတင်မောင်မောင်ထွေးက (၈၈) မျိုးဆက်ဆိုတော့ မျိုးဆက်တူ ခြင်း ဘယ်လိုများ သိမြင်ခံစားရပါသလဲ။ ကိုတင်မောင်မောင်ထွေး။ ။ (အားရပါးရရယ်မောရင်း) တိုက်ပွဲထဲပါခဲ့တယ် ဆိုတာကအဓိ ပ္ပာယ်အမျိုးမျိုး၊ ရည်ရွယ်ချက် မျှော်လင့်ချက်အမျိုးအမျိုးနဲ့ ပါဝင် ခဲ့ကြတာပါ။ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးဆိုတဲ့ လူထုလမ်းစဉ်နဲ့ အမျိုးသားနိုင်ငံရေး လမ်းစဉ် ခေါင်းစည်းအောက်မှာ အဓိပ္ပာယ်အမျိုးမျိုးနဲ့ပါဝင်ခဲ့တယ်ဆို အခုတော့ဖုံးလို့ဖိလို့၊ ၀ှက် ကွယ်ထားလို့မရပဲ ပေါ်လာကြတာပါပဲ။ ဒါပေမယ့်တကယ့် ယုံကြည်ချက်ခိုင်မာပြီး စိတ်ဓာတ် မြင့်မားတဲ့ ရိုးဖြောင့်တဲ့ဒီမိုကရေစီအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေကတော့ ကိန်း ဂဏန်းအရ အလွန်များပါတယ်။ ရန်သူ စစ်အုပ်စုလွှတ်လိုက်တဲ့ လွှတ်ခဲ့တဲ့ပဉ္စမံတွေကို ထားပြီး ခွေးကတက် တက်ချင်တဲ့လူ၊ နေရာလိုချင်တဲ့လူကတော့ နည်းနည်းပါးပါး တိုက်ကြရတာပေါ့ ဗျာ။ ဒါမှလည်း တော်လှန်ရေးကိုနောက်ခံပြုပြီး ခုတုံးလုပ်ပြီး ခွေးကတက်ကို တက်လို့ရမှာမ ဟုတ်လား။ နောက်တခုက လူတချို့မှာ တော်လှန်ရေးအတွေးအခေါ်မရှိဘူး။ ကိုယ်ခံအားမ ကောင်းကြဘူး။ သဘောတရားသက်လုံ (ideological stamina) မကောင်းကြဘူး။ ဒီတော့ စိတ်ဓာတ်တွေပါ ချွတ်ခြုံကျတယ်။ တော်လှန်ရေးကိုသစ္စာဖောက်ဖို့ လူထုကိုသစ္စာဖောက်ဖို့ ဖြစ်လာခဲ့ကြတယ်။ ပြည်ပမှာသစ္စာဖောက်တွေဖြစ်လာတာဟာ အဲဒီအကြောင်းကြောင့်ပါဘဲ။ နောင်လည်း ရှိလာနိုင်ပါသေးတယ်။ အတိတ်သမိုင်းထဲမှာ ဘုရင်ခေတ်၊ နယ်ချဲ့ခေတ်၊ ဂျပန် ခေတ် ခေတ်တိုင်းမှာလည်း ခွေးကတက်တို့ သစ္စာဖောက်လောက်ကောင်တို့၊ ကိုယ်ကျိုးသမား တို့ဆိုတာ ပေါ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ ၀ိသမလောဘ၊ ၀ိသမအတ္တတွေပေါ့ဗျာ။ ဒါပေမယ့် သူတို့တွေဟာ လူမလေးခွေးမခန့် မထင်မရှားတဲ့ဘ၀နဲ့ ဇာတ်သိမ်းမကောင်းဘဲ သေသွားကြ တာပါ။ တကယ်က ဒီလိုလူစားတွေဟာ လူမသေခင်ထဲက သမိုင်းထဲမှာ အရှင်လတ်လတ်သေ သွားကြတာ။ အယ်ဒီတာ။ ။ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုတင်မောင်မောင် ထွေးကကော ဘာများပြောချင်ပါသလဲ။ စာဖတ်ပရိတ်သတ်ကို ဘာများ ပြောချင်ပါသလဲ။ ကိုတင်မောင်မောင်ထွေး။ ။ မှာချင်တာ ပြောချင်တာတွေထဲက တခုပေါ့ဗျာ။ စစ်အုပ်စုက နောက်ထပ် ပဉ္စမံတွေကို ပြည်ပကို ထပ်လွှတ်ပါလိမ့်မယ်။ စစ် အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို သစ္စာခံဖို့၊ အဖိနှိပ်ခံနေရတဲ့ အမျိုးသား ပြည်သူလူထုတွေရဲ့ တိုက်ပွဲနဲ့တော်လှန်ရေးကို သစ္စာဖောက်ဖို့လာပြီး သွေးဆောင်စည်းရုံးကြပါလိမ့်မယ်။ ပြည်တွင်း ပြည်ပက ခွေးကတက်တွေကို စစ်အုပ်စုကသူတို့ရဲ့ ပဉ္စမံတွေနဲ့တွဲပြီး ပွဲထုတ်ကြပါလိမ့်မယ်။ လာပြီးသွေး ဆောင်စည်းရုံးတဲ့ပွဲဟာ ဆပ်ကပ်ပွဲအတိုင်း ခွေးကတက်သစ္စာဖောက်တွေကို ဟော ... ဟောဒါက ခွေးလိမ္မာလေးပေါ့ဗျာ ... ဟောဒါက မြင်းလိမ္မာပေါ့ဗျာဆိုပြီး ပွဲထုတ်လိမ့် မယ်။ ကနေဒါ၊ အမေရိကန်၊ သြစတေးလျားတို့အပြင် ပြည်ပရောက်ဗမာတိုင်းရင်းသား တော်လှန်ရေးသမားများကော ခွေးလိမ္မာမဖြစ်ချင်ကြဘူးလားဆိုပြီး သစ္စာဖောက်ခွေးကတက် တွေကို လက်ညှိုးပြပြီးစည်းရုံးကြပါလိမ့်မယ်။ အဲဒီအခါမှာ စစ်အုပ်စုပဉ္စမံတွေနဲ့ ခွေးကတက်တို့ ရဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့၊ ရှုတ်ချတော်လှန်မောင်းထုတ်ကြဖို့ နှိုးဆော် တပ်လှန့်လိုက်ပါရစေ။ ဒါပါပဲဗျာ။ ကျေးဇူးတင်ပါတယ်။ တာဝန်ခံအယ်ဒီတာအဖွဲ့ အောက်တိုဘာ ၇၊ ၂၀၀၆ Labels: တွေ့ဆုံဆွေးနွေးခန်း |