ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၂)နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပရင်း နိုင်ငံရေး စကားဝိုင်းဖွဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့၊ ကျနော်တို့ရဲ့လှုပ်ရှားမှု့တွေကို ပိုမိုမြင့်တင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပြီး အမှတ်ရစေမဲ့စကားတွေကိုဖေါ်ပြ ပေးလိုက်ပါတယ်။ ဒီရက်တွေမှာ ကျနော်တို့ကို စိတ်အနှောင့် အရှက်ဖြစ်စေတဲ့ အသံလွှင့်ဌာနကတော့ ဘီဘီစီဌာနက မြန်မာ့အရေးကမ္ဘာ့အရေး ဆွေးနွေးခန်းပဲ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ အသံလွှင့်ချက်တွေကို ဒုက္ခတွင်းမှာ နေနေရတဲ့ ဗမာပြည်တွင်းက လူ တော်တော်များများက အခံရခက်စွာ နားထောင်နေကြရသလို၊ ပြည်ပမှာရောက်နေတဲ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူတွေဟာလည်း စိတ်ဆင်းရဲကြီးစွာ ခံစားကြရပါတယ်။ အဆိုးဆုံးကတော့ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်ရေး နှစ်ပတ်လည်နေ့မှာ ဘာတွေသင်ခန်းစာယူသင့်ပါသလဲလို့ မေးခွန်းထုတ်ရင်း အေးလွင်ကို စင်ပေါ်တင်ပေးလိုက်ခြင်း၊ နိုင်ငံရေးတိုက်ပွဲတွေကိုနားမလည်တဲ့ ကိုအောင်နိုင်ဦး လို လူမျိုးကို ခဏခဏပွဲထုတ်နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဗမာပြည်အနာဂတ် နိုင်ငံ ရေးကို ဒေါ်စုအပေါ်မှာ ဗဟိုပြုပြီးစဉ်းစားသင့်၊ မသင့်ဆိုတဲ့ နှပ်ကြောင်းပေးထားတဲ့ မေးခွန်းတွေ မေးခြင်းပဲ ဖြစ်ပါတယ်။ အောင်မိုးဝင်း (ဗကသ၊ အထက်ဗမာပြည်) ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးဆီက ဘာတွေသင်ခန်းစာယူသင့်သလဲလို့ အေးလွင်ကို ဆွေးနွေးခိုင်းတဲ့ ဘီဘီစီက ဦးမောင်မောင်သန်းရဲ့ လုပ်ရပ်ကို နားမလည်ဘူး၊ လူသတ်သမား အတွက် ရှေ့နေတယောက် ငှားပေးလိုက်တယ်လို့ ခံစားရတယ်။ အဖြေကရှင်းနေတာပဲ၊ မတရား သဖြင့် လုပ်ကြံဖို့ကြိုးစားတာကို ရှုံ့ချဖို့ပဲလိုတာ။ ဘာမှ ဆွေးနွေးငြင်းခုန်နေစရာမလိုဘူး၊ လူထု ခေါင်းဆောင် နဲ့ပြည်သူကို၊လူသတ် နေတာကို ဘေးကနေထိုင်ပြီး စေတနာမမှန်တဲ့ဦးတည်ချက်မျိုး နဲ့ လျောက်ဖွနေတာကတော့ မလုပ်သင့်တဲ့ကိစ္စလို့ထင်တယ်ဗျာ။ မောင်စိုးချိန်၊ မဇင်ဇင် ( သစ္စာ တော်လှန်ရေးစာပေအင်အားစု) မမေးအပ်တဲ့မေးခွန်းပါ။ ဖက်ဆစ်စစ်အုပ်စုနဲ့ လူထုသစ္စာဖောက်လောက်ကောင်တွေနဲ့ အပေး အယူလုပ်ထားတယ်လို့ နာမည်ကြီးနေတဲ့ ဘီဘီစီထဲက တယောက်ယောက်က ဖွသလို ပွဲဆူအောင် လုပ်တဲ့ မေးခွန်းမျိုးပါပဲ။ သို့သော်လဲ ကျနော်တို့ယုံကြည်မှုအတိုင်း လူထုယုံကြည်ချက်အတိုင်း သည်းခံပြီးဖြေပါ့မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး စဉ်းစားရတာက ဗမာပြည် အဖိနှိပ်ခံ အမျိုးသားပြည်သူတရပ်လုံးက တော်လှန်တောင်းဆိုခဲ့တဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထု အစိုးရဖွဲ့စည်းရေး ဖက်ဆစ်စစ်အုပ်စုစစ်တန်းလျားပြန်ဆိုတဲ့ လူထုလမ်းစဉ်နဲ့လူထုနောက်က ဒေါ်အောင်ဆန်းစုကြည်က တကောက်ကောက်လိုက်လာခဲ့လိုပါပဲ။ အဲဒီကစပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဗဟိုပြုပြီး စဉ်းစားတာ စတင်ပါတယ်။ အဲဒီတိုက်ပွဲထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါဝင်ခဲ့ရင်းက လူထုကသူ့ကို တိုင်းပြည်ခေါင်းဆောင်တင်ခဲ့တာပါ။ လူထုခေါင်းဆောင်ဖြစ်ခဲ့တာပါ။ ဖက်ဆစ် စောမောင်၊ သန်းရွှေ၊ နေ၀င်းတို့က သူတို့ကိုယ်သူတို့ တိုင်းပြည်ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့လို့လဲ လူထုက အပ်တဖျားစာတောင် မလေးစားခဲ့ပါဘူး။ လူထုက ကော်ဆဲခဲ့တာပါ။ သိပ်ပြီးကွာခြားပါတယ်။ ကျနော်ကျမတို့ဟာ အဖိနှိပ်ခံ အခြေမှုန်းခံခဲ့ရတဲ့လူထုတရပ်လုံးကို ဗဟိုပြု ပြီး စဉ်းစားတဲ့အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဗဟိုပြုပြီး စဉ်းစားခြင်း ဖြစ်တယ်။ ကျနော်တို့ရဲ့ အတိုင်းအတာဟာ လူထုရဲ့လူမှုဘ၀ပဲ။ ဒါကြောင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို စိုင်းပြင်းနေတဲ့ စစ်အုပ်စုရယ် သစ္စာဖေါက်လောက်ကောင်တွေ၊ ခွေးခုန်တက် (ခွေးကတက်)တက်သူတွေ စစ်ဖိနပ်လျာနဲ့ရက်သူတွေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို နှိုင်းယှဉ်ပြီး ဘယ်သူ့ကို ဗဟိုပြုသင့်သလဲလို့ ပြောဖို့အတွက် စိတ်တောင်မကူးသင့်ဘူး။ ဒီမေးခွန်းကိုဖန်တီးသူတွေဟာ ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ကိုင်တုတ် စစ်ခွေး ခွေးဝဲစား များသာဖြစ်တယ်။ ကျနော်တို့ဟာ ဒီရန်သူကို ချေမှုန်းနေဆဲပါ အောင်ပွဲရသည်အထိ လူထုတွေနဲ့ အတူ ရန်သူကိုဆက်လက်ချေမှုန်းသွားပါမယ်။ ချေမှုန်းတဲ့နေရာမှာ သေနတ်နဲ့မှမဟုတ်ဘူး ကလောင်နဲ့မှ မဟုတ်ဘူး တော်လှန်ရေးချေမှုန်းရေးပုံသဏ္ဌာန်အမျိုးမျိုးကို လူထုကတည်ထွင်ကြံဆ တတ် ကြသူတွေပါ။ နည်းပေါင်းစုံနဲ့ချေမှုန်းနေဆဲ ချေမှုန်းနေကြပါလိမ့်အုံးမယ်။ ကိုအောင်အောင် ( လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မန္တလေး)(ယူတီကာ၊နယူးယောက်) ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ပစ်ဖို့စတင်ကြိုးစားလာတာလို့ ကျနော်ထင်တယ်။ ဘီဘီစီက ဒေါ်စုမွေးနေ့မှာ၊ ဒေါ်စုကို ဗဟိုပြုစဉ်းစားခြင်း သင့်မသင့်မေးခွန်းထုတ်သလိုလိုနဲ့ စစ်တပ်ကို ဗဟိုပြု ပြီး စဉ်းစားလာတာကို တွေ့ရတယ်။ စစ်တပ်အကြိုက်ကိုပဲ လိုက်ပြီးစဉ်းစားနေလို့ကတော့ အားလုံး သိုးငယ်တွေလိုနေ၊ မတရားသဖြင့် လုပ်နေတာကို ဘာမှမပြောနဲ့ လည်စင်းခံကြဆိုသလို ဖြစ်နေ တယ်။ ဒေါ်စုကို ဖယ်ပြီးစဉ်းစားရင်၊ ပြည်သူလူထုကို ဖယ်ပြီးစဉ်းစားတာနဲ့အတူတူပဲ၊ ရွေးကောက်ပွဲ လုပ်တုံးက ဒေါ်စုရဲ့ မျက်နှာတခုတည်းကို ယုံကြည်ပြီး မဲထည့်ခဲ့ကြတာ မဟုတ်လား။ မန်းသောင်းတင် (ယူတီကာ၊ နယူးယောက်) ဒေါ်စုကို၊ ထောင်ဒဏ်တိုးတိုးချလိုက်တာက စစ်အစိုးရမှာ ရည်ရွယ်ချက်တခုက မင်းတို့ အောင်ဆန်းစုကြည်ကို မျှော်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ ငါတို့က သူ့ကိုကြိုက်သလို ဖမ်းဆီးထားနိုင်တယ်ဆိုတော့ တချို့လူတွေကဝေး၀ါးသွားအောင်သူတို့ လုပ်ဖို့ကြိုးစားနေတာ ဖြစ်တယ်။ ဒါကို ကျနော်တို့ လိုက်မသွားမိဖို့လိုတယ်။ ကျနော်တို့နားလည်ဖို့လိုတာက၊ တိုင်းရင်းသား တွေနားလည်မှုတည်ဆောက်ကြပြီး၊ ဒီမိုကရေစီရေးကို ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြမယ်၊ ရိုးသား ထက်မြက်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တယောက် ရထား တဲ့ အတွက် ကျနော်တို့ဘက်က ပိုပြီးကြိုးစားကြရမယ်။ ကိုဌေးအောင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) (ယူတီကာ၊ နယူးယောက်) ပြည်သူက လေးစားခံရသူတွေသာ သမိုင်းကိုပြောင်းလဲနိုင်တာမို့လား၊ ဒေါ်စုရဲ့စစ်မှန်တဲ့ သစ္စာတရားကြောင့် ပြည်သူက ယုံကြည်တယ်။ ဒေါ်စုကိုယ်တိုင်ကလည်း ပြည်သူကို သားသမီးလို စောင့်ရှောက်တယ်။ ဥပမာဗျာ—တောင်ငူမှာ အေဘီအက်စ်ဒီအက်(ဖ်)က ရဲဘော် ထွန်းထွန်းဦးရဲ့ မိဘတွေက သားထောင်ဝင်စာ လာမတွေ့နိုင်တာကို သိသွားတဲ့နောက်၊ သူကိုယ်တိုင် မှန်မှန် ထောင်ဝင်စာသွား တွေ့ဖို့ကြိုးစားခဲ့တယ်။ ကျန်တဲ့ လူမှုရေး လုပ်ငန်းတွေကလည်း အများကြီးပါ၊ တချို့ဟာတွေက ပြောပြလို့မရဘူး၊ အိမ်မရှိတဲ့ သူတွေကို အိမ်ဆောက်ပေးတဲ့ ဖြစ်ရပ်တွေ၊-----ဒီလိုပြည်သူကို မိဘလိုစောင့်ရှောက်တဲ့ သူကိုမှ ဗဟိုပြုမစဉ်းစားရင်၊ ဘယ်သူ့ကို သွားစဉ်းစားမလဲ၊ အောင်မိုးဝင်း(ဗကသ၊ အထက်ဗမာပြည်) သမိုင်းနားမလည်တဲ့ သူနဲ့၊ စစ်အာဏာရှင်တွေရဲ့ သဘောသဘာဝကို နားမလည်တဲ့သူတွေရဲ့ အမေးအဖြေတွေက အင်မတန်စိတ်ပျက်စရာကောင်းတယ်ဗျာ၊ အမေရိကန်နိုင်ငံကျောင်းတွေမှာစာ သင်ကြည့်ပါ၊ သံတမန်ဆက်ဆံရေးဖြစ်ဖြစ်၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တွေမှာပဲဖြစ်ဖြစ် “မြန်မာ့အရေးကျွမ်းကျင်သူများ”လို့ အမည်တပ်ထားတဲ့ပုဂ္ဂိုလ်တွေ ပြောဆိုနေတာတွေ တခါမှ မကြားဘူးသလို၊ ဘယ်စာအုပ်ထဲမှာမှ မတွေ့ဘူးပါဘူး၊ စစ်အာဏာရှင်ဆိုတဲ့ကောင်တွေရဲ့ သဘာဝ က ချော့ပြောတောင်းပန်လည်းမရဆိုတော့၊ အရေးကြီးဆုံးက ကိုယ့်ဘက်က အားရှိအောင် ကြိုးစား ဖို့ပဲမဟုတ်လား၊ မေးခွန်းမေးတဲ့သူရော၊ ပေါက်ကရရှောက်ဖြေနေတဲ့သူတွေကိုရော အကြံတခုပေး ချင်ပါတယ်။ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုသမိုင်းတွေ၊ ပြည်တွင်စစ်ရပ်ဆဲရေး တွေ့ဆုံ ဆွေးနွေးပွဲတွေကို လေ့လာစေချင်ပါတယ်။ ဒစ်ပလိုမေစီတွေ သိတ်ပြောချင်နေရင်၊ (၁၆) ရာစုက အီတလီနိုင်ငံရေးတွေးခေါ်ပညာရှင် မယ့်ဂင်ဗယ်လီ က စပြီး၊ ဒီကနေ့ခေတ် ဟားဗတ်တက္ကသိုလ် ကနေဒီကျောင်းက အတွေးခေါ်တွေ၊ နီယိုကွန်ဆာဗေးတစ် ကျောင်းတွေဖြစ်တဲ့ ဂျော့(ခ်ျ)တောင်း တက္ကသိုလ်၊ ချီကာကိုတက္ကသိုလ်က နိုင်ငံရေးအယူအဆတွေကို တခုချင်း ဆွေးနွေးချင်ပါတယ်။ သေချာတခုတော့ ပြောရဲတယ်။ အဲ့ဒီကျောင်းက ထင်ရှားတဲ့ဆရာတွေ အကုန်လုံးက အောင်ဆန်း စုကြည်နဲ့ဗမာပြည်အရေး လှုပ်ရှားနေသူတွေ ရင်ဆိုင်ရမဲ့အခက်အခဲကို စာနာနားလည်ပြီး ထောက်ခံ နေကြခြင်းပါပဲ။ သူတို့က စစ်အာဏာရှင်တွေရဲ့ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာရူးသွတ်မှုကို ကျေကျေညက်ညက် လေ့လာထားပြီးသားဗျ၊ ဆိုတော့၊ အတွေးအခေါ်က မကြောင်ဘူး။ ကိုအောင်နိုင်ဦးတို့ တင်ပြနေတဲ့ အခြေခံဥပဒေကို လက်ခံ၊ န၀တနဲ့ ပူးပေါင်းဆောင်ရွက်ဆိုတဲ့အကြံတွေကလည်း အသစ်တွေတော့ မဟုတ်ပါဘူး၊ ဗိုလ်နေ၀င်းက ဆိုရှယ်လစ်စနစ်နဲ့ သွားမယ်ဆိုပြီး ကြေငြာလိုက်တော့၊ ခွေးကတက် က နေရနေရဆိုပြီး ဟစ်ကြွေးခဲ့သေးတယ်မို့လား။ သူကတော့ ထိုင်းမှာနေနေတာဆိုတော့ ခွေးက တက်မှာ နေရာတော့မတောင်းဘူးပေါ့၊ မြတ်နှင်းဖြူ ( မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) (နယူးယောက်) ဒေါ်စုကို ဗဟိုပြုစဉ်းစားနေတယ်ဆိုတဲ့ အယူအဆကိုပြောကတည်းက ဗမာပြည်နိုင်ငံရေးကို မျက်ခြေပြတ်နေတယ်လို့ ခံစားမိတယ်။ ရှိသမျှ နိုင်ငံရေးလှုပ်ရှားသူအားလုံးကို ထင်သလို ချေမှုန်း နိုင်ပေမဲ့၊ ဒေါ်စုကို ချေမှုန်းဖို့ အတွက်တော့စစ်အာဏာရှင်တွေအနေနဲ့ စဉ်းစားရလိမ့်မယ်။ နိုင်ငံ တကာရဲ့ အကြမ်းမဖက်လှုပ်ရှားမှု သင်္ကေတကို သွားထိလို့မရဘူး၊ တကယ်တမ်းကျစစ်တပ်က ဗဟိုပြုစဉ်းစားတာပါ။ အမုန်းအရားကြီးလွန်းတာပါ။ ဒေါ်စုက ပြောခဲ့ပြီးသားပါ၊ သူ့ကြောင့် နိုင်ငံရေး တိုးတက်မှု့နှေးကွေးနေရင် သူဖယ်ပေးပါ့မယ်၊ ကျန်တဲ့သူတွေကို တွေ့ဆုံဆွေးနွေးပါလို့။ စစ်တပ် ခေါင်းဆောင်တွေရဲ့ပြဿနာက ဘယ်သူနဲ့ မှ တွေ့ဆုံဆွေးနွေးချင်စိတ်မရှိတာပါ။ ကိုမျိုးအောင် ( ဘိတ်၊ ထားဝယ် ညီညွတ်ရေး တပ်ဦး) ( ယူတီကာ၊ နယူးယောက်) နိုင်ငံရေးလုပ်တဲ့နေရာမှာ မာန၊ မောဟ၊ ဒေါသကင်းဖို့လိုတယ်ဗျ၊ ဒေါ်စုက နိုင်ငံရေး အာဏာပဲဖြစ်ဖြစ်၊ ချမ်းသာကြွယ်ဝမှုပဲဖြစ်ဖြစ် တခုမှ လိုချင်တပ်မက်စိတ်မရှိခဲ့ဘူး၊ သူလိုချင်တာက တိုင်းပြည်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုးတက်ဖို့၊ အကြမ်းမဖက်တဲ့ လှုပ်ရှားမှု၊ သူ့ခေါင်းဆောင်မှုကို ထောက်ခံအသိအမှတ်ပြုဖို့ ဖြစ်နိုင်ရင်၊ လက်နက်ကိုင် တိုက်ရအုံးမယ်ဆိုလည်း ပြန်ကိုင်ဖို့အသင့်ပဲ၊ ကျနော်တို့ရဲ့အမေ သက်တော်ရာကျော်ရှည်ပါစေ။ ဆွေးနွေးပွဲကို နေရာပေးပြီး ဗမာပြည်အရေးအတွက် တက်တက်ကြွကြွဖြစ်နေတဲ့ သန္တိသုခ ဆရာတော် ဦးပညာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာပြည်အတွင်း ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ထွန်းကားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးဆောင်နေတာဟာ အင်မတန်မှ လေးစားဂုဏ်ယူစရာကောင်းပါတယ်၊ ဒီနေ့ဒေါ်စုရဲ့ ၆၂ မြောက်မွေးနေ့ပွဲကို တက်ရောက်လာကြတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မြန်မာပြည်အရေးကို မေ့မထားကြပါနဲ့၊ မြန်မာပြည်မှာ တရားမျှတမှုထွန်းကားရေးအတွက် တတ်နိုင်တဲ့နေရာကနေ ပါဝင်ဆောင်ရွက်ကြဘို့တိုက်တွန်းလို ပါတယ်၊၊ ဘီဘီစီ က အမှန်တရား ရဲ့ မိတ်ဆွေတို့ ခင်ဗျား ဗမာပြည်ထဲက ဒုက္ခရောက်နေတဲ့၊ လူထုနဲ့ နိုင်ငံရေးအကျဉ်းသမားတွေရဲ့ဘ၀ကိုစာနာနိုင် ကြပါစေ၊ နိုင်ငံရေးကို နားလည်သူတွေနဲ့ တတ်ရောင်ကား စုန်းကြူးသူများ၊ တော်လှန်ရေး၏ အသီးအပွင့်ကို ကျေးဇူးမေ့သူများရဲ့ ခြားနားတဲ့တန်ဘိုးကို ခွဲခြားတတ်ပါစေ။ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် အောင်ပွဲရသည်အထိ ကျမ်းမာသန်စွမ်းပါစေလို့ ဆန္ဒပြုလျက်။ ဒီမိုကရေစီရေးတိုက်ပွဲဝင်ရဲဘော်များ ( အမေရိကန်ပြည်ထောင်စု) ဦးပညာ (၃၁၅-၇၂၃-၇၁၄၈) Pyinnyar2001@yahoo.com မဇင်ဇင် (၂၆၀-၇၄၅-၇၄၅၈) zinzinjp2003@yahoo.com ကိုအောင်မိုးဝင်း (၅၈၅-၉၅၇-၆၄၅၂) Aung_M_Win@yahoo.com မန်းသောင်းတင် (၃၁၅-၇၂၄-၆၈၁၂) sawthung@yahoo.com ကိုဌေးအောင် (၃၁၅-၂၇၂-၉၀၈၂) Nwethu@walla.com ကိုအောင်အောင် (၃၁၅-၉၄၁-၇၇၉၁) aaung04@yahoo.com မြတ်နှင်းဖြူ (၇၂၇-၂၇၁-၁၆၆၁) queenaca@gmail.com ကိုမျိုးအောင် (၃၁၅-၇၃၄-၁၆၅၄) Labels: တွေ့ဆုံဆွေးနွေးခန်း |