Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
|
ပွင့်သွားသောတခါးတချပ်မှ ရင်ကိုလာမှန်သည့် အလင်းတန်းတခု |
Tuesday, August 7, 2007 |
အောင်သာ
လူတစ်ယောက်ရဲ့ဘ၀စာမျက်နှာများတွင် တသသမေ့မရသည့် အဖြစ်အပျက်ကလေးများ ရှိနေတတ်ကြသည်။ ကျနော့်အဖို့ပင်ကိုယ်က မှတ်ညဏ်အားနည်းသူ ဖြစ်လင့်ကစား ထိုအဖြစ် အပျက်ကိုတော့ ပြန်လည်စဉ်းစားမြင်ယောင်မိ တိုင်း ရင်ခုန်ရသည်။ လွမ်းတမြေ့မြေ့ ခံစား အမှတ်ရ နေမိသည်။ လေပြင်းတွေတိုက်တိုင်း၊ လျှပ်စီးတွေလက်တိုင်း သူ့ရုပ်ပုံလွှာ၊ သူ့အသံ တွေကို မြင်ယောင်ကြားယောင်နေမိပြန်ပေါ့။ အော်...မနှင်းဆီရယ်...ကျနော်တို့အတွက်
ထာဝရရင်ခုန်စေတဲ့ အလွမ်းတွေ တပွေ့တပိုက်ထားရစ်ခဲ့ပါပေါ့လား... ... ...
သူ့ကို မြေမြှပ်သဂြိုလ်သည့်နေ့က ကျနော့်ဘ၀တွင် အလွမ်းဆုံး အကြေကွဲဆုံးနေ့က ကျနော့် ဘ၀တွင် အလွမ်းဆုံး အကြေကွဲဆုံးနေ့အဖြစ် နှလုံးသားတွင် ဆို့နင့်နာကျင်ခံစားခဲ့ရသည်။ ထိုနေ့ က ထူးထူးခြားခြား မိုးသားတွေညှို့နေပြီး မိုးစက်ကလေးတွေ တဖြောက်ဖြောက်ကျနေသည်။ အလွမ်းမျက်ရည်တွေပဲဟုခံစားမိသည်။ မိုးကြိုငှက်ကလေးတွေလဲ တေးမဆိုကြတော့။ တောပန်း ရနံ့လေးတွေလဲ မွှေးမြခြင်းမရှိကြတော့။ ကြေကွဲမှုရဲ့ သင်္ကေတတွေလဲ မွှေးမြခြင်းမရှိကြတော့။ ကြေကွဲမှုရဲ့ သင်္ကေတတွေပဲလား...။ လေပြင်းတချက်ဝှေ့လိုက် လျှပ်စီးလက်လိုက်နှင့် ကျနော်တို့ ရင်ထဲက မနှင်းဆီအတွက်ရင်ထုမနာဖြစ်ရတဲ့နာကျည်းဒေါသမီးများကို ထင်ဟပ်ပြနေတဲ့ သဘာဝ ရစ်သမ်များပဲထင်သည်။
အသက်ဝိညာဉ် ကင်းမဲ့နေတဲ့သူ့ခန္ဓာကိုယ်ပေါ်မှာတော့ ရဲဘော်တွေရဲ့ အလွမ်းပန်းတွေ ပြန့်ကြဲလို့... “နှင်းဆီပွင့်တွေချည်းပါပဲလား” နီနီစွေးစွေးအရောင်အသွေး အနုအရင့် အကြီးအငယ် စုံလို့ “ပန်းဝတ်ရုံခြုံလွှမ်းထားသလိုပါ့” နှင်းဆီချစ်တဲ့မနှင်းဆီအားနှင်းဆီပွင့်များနှင့်အတူ ထာဝရ အိပ်စက် အနားယူပါစေတော့။
သူ...ကျနော်တို့အတွက် ဝေဒနာတထုပ်(တကယ်က သူမရဲ့ အဘိဓမ္မာစကားလုံးမပါတဲ့ ပုစ္ဆာ တပုဒ်ဖြစ်မှာပါ) ထားရစ်ခဲ့ပြီးထာဝရ ခွဲခွာသွားခဲ့သည်။ မိုးကြိုးငှက်တကောင်ရဲ့ ပေါ့ပါးလျှင်မြန်မှု မျိုးနှင့် ဝေးရာရဲ့ဟိုဘက်ကို ပျံသွားလေပြီ။ ဘယ်နည်းနှင့်မှ ပြန်မဆုံနိုင်တော့။ ကျနော်တို့က သူ့ကို နောက်ဆုံးဂါရ၀ပြုရင်း ဤသို့ နှုတ်ဆက်မိကြသည်။ “သွားနှင့်တော့ မနှင်းဆီရေ...၊ သွားနှင့် သွားနှင့်။ ကျနော်တို့မနှင်းဆီကို ထာဝရသတိရနေမယ်။ မနှင်းဆီခွဲခွာ သွားပေမယ့် မနှင်းဆီရဲ့ မွန်မြတ် ရဲရင့်တဲ့စိတ်ဓါတ်ကတော့ ကျနော်တို့ရင်ထဲထာဝရရှိနေမယ်။ ကြေကွဲလွမ်းဆွတ်မှုတွေကို အင်အားအဖြစ်ပြောင်းလဲပစ်ပြီး အောင်ပွဲရတဲ့အထိ ခရီးဆက်ကြမယ်” ပေါ့။
(၁)
တကယ်တော့မနှင်းဆီကား ရခိုင်ပြည်နယ် မြို့ဟောင်းဒေသကျေးလက်မှ အညတရ လယ် သူမတဦးမျှသာ။ အသက်အရွယ်နုနယ်သေးသော်လည်း ဘ၀တ၀မ်းတခါးအတွက် ပင်ပန်းဆင်းရဲ စွာ ရုန်းကန်ခဲ့ရသူဖြစ်သည်။ ရန်သူကို တူးတူးခါးခါးမုန်းသည်။ တော်လှန်ရေးသမားတွေကို ချစ်ခင် လေးစားသည်။ သံယောဇဉ်ကြီးသည်။ သူ့အဘိဓမ္မာက ဤမျှသာဖြစ်သည်။ ကျနော်တို့နှင့် စကား လက်ဆုံကျတိုင်း သူ့အတွေ့အကြုံများကို စီကာပတ်ကုံးပြောပြနေတတ်သည်။ ရန်သူ၏ရက်စက်မှု ကြမ်းကြုတ်မှုကြောင်းများပြောသည့်အခါများတွင် သူ့မျက်လုံးတွင် ဒေါသအငွေ့များလွှမ်းနေတတ် သည်။ တောပင်ဇန်းနှင့် အခါးဇားများတွင် ရန်သူက ရွာသားများအား ရက်ရက်စက်စက် တန်းစီ ပစ်သတ်ခဲ့ပုံ၊ ရိုးတရုတ်နှင်ရှင်ကျော်ရွာများတွင် ယုတ်မာရက်စက်စွာ သားမယားပြုကျင့်မှုများ ကျူးလွန်ခဲ့ကြပုံ၊ ပေါက်တောကျေးရွာတွင် ရွာလယ်တွင်အကခိုင်းပြီး ဟားတိုက်ရယ်မောကြပုံ... စသည် စသည်များကို မကြာခဏ ပုံပြင်သဖွယ်ပြောပြတတ်သည်။
သူကား ရန်သူကိုမုန်းတီးသလောက် ရဲဘော်တွေကို ချစ်ခင်သည်။ မောင်ရင်းတွေသဖွယ် သံယောဇဉ်ထားသည်။ အားနည်းချက်များတွေ့လျှင် ပွင့်ပွင့်လင်းလင်းထောက်ပြသည်။ စိတ်ဓါတ် ကျတာမြင်လျှင် အားပေးစကားပြောသည်။ ဖျားနာလျှင်ပြုစုသည်။ အဝတ်စုတ်နေတာတွေ့လျှင် လု၍ချုပ်ပေးတတ်သည်။ ရန်သူ့သတင်း ထူးခြားမှုရှိလျှင် မိန်မသားပေမဲ့ ကျနော်တို့ရှိရာအရောက် စွန့်စွန့်စားစားလာပို့ပေးတတ်သည်။ ဤသည်များကား သူ့ဘ၀စာမျက်နှာများပင်။
မှတ်မှတ်ရရ ထိုနေ့...နှင်းဆီတပွင့်လှစ်ကနဲ ကြွေခဲ့ရသည့်နေ့။ ကျနော်တို့အဖို့ နှမြောတသ ယူကြုံးမရ မျက်ရည်ကျခဲ့ရတဲ့နေ့။
(၂)
ထိုနေ့က သူ့ခေါင်းတွင် နှင်းဆီနီနီတပွင့်... လှလှပပ ပန်ထားသည်ကို မှတ်မိနေသည်။ ကျနော် တို့ ရဲဘော်တွေခရီးပြင်းနှင်လာခဲ့ကြသဖြင့် သူက“မင်းတို့ပင်ပန်းလာကြတယ်။ အနားယူကြ။ ဒီနေ့ ငါချက်ကြွေးမယ်” ဟုပြောကာ ရွာထိပ်သို့ ရေခပ်ရန်ထွက်လာခဲ့သည်။ ရွာထိပ်အရောက် ရန်သူနှင့် ပက်ပင်းတိုးတော့သည်။ သည်မှာပင်ဆုံးဖြတ်ချက်တခုကို မနှင်းဆီအလျှင်အမြန်ချလိုက်သည်။
မနှင်းဆီက ရန်သူ့ရှေ့မှောက်မှာပင် “ဒီမှာ ရန်သူရောက်နေတယ်” ဟု ရဲဘော်များကြားနိုင်ရန် အသံကုန် အော်ဟစ်သတိပေးလိုက်တော့သည်။ သူ့သတိပေးမှုကြောင့် ရဲဘော်များ ရန်သူ၏ ဝိုင်းဝန်းချေမှုန်းခံကြရမည့် ဘေးအန္တရယ်မှဖောက်ထွက်လွတ်မြောက်နိုင်ခဲ့ကြသော်လည်း မနှင်းဆီ မှာတော့ ရန်သူ၏ရက်ရက်စက်စက် ညှဉ်းပမ်းသတ်ဖြတ်မှုကို ခံလိုက်ရသည်။
“ရဲဘော်တွေရဲ့အသက်ကို သူအသက်ပေးပြီးကာကွယ်လိုက်တာပါကလား” “ဒီလိုပြတ်သား ရဲရင့်တဲ့ သတ္တိမျိုးကို အညတရလယ်သူမ ဘယ်ကရလာပါသလဲ” “နုနယ်တဲ့မိန်းမသားတန်မဲ့ အသဲမာလွန်းလှချည့်” သည်ပုစ္ဆာတွေကို ဖြေဖို့ ကျနော်တို့အတွက်မနှင်းဆီ ချန်ရစ်ထားခဲ့သည်။
မနှင်းဆီအဖို့ သူ့ဘ၀ဖြတ်သန်းမှုများအရ ရန်သူကိုခါးခါးသီးသီးမုန်းတီးသည်။ ရဲဘော် တွေအပေါ်မောင်ရင်းပမာ ချစ်ခင်သံယောဇဉ်ကြီးသည်။ အဘိဓမ္မာစကား တလုံးတပါဒမျှ မပြော တတ်သော မနှင်းဆီက ကျနော်တို့အတွက် အဘိဓမ္မာတံခါးတချပ်ကို သူ့ဝိညာဉ်ဖြင့် တိုးဝှေ့ဖွင့်ပေး လိုက်ပါပကောလား။ ဘ၀ဟူသည် နေခြင်းနှင့်သေခြင်းတို့အကြားမှ စာမျက်နှာများသာဖြစ်သည်။ ဘ၀က တိုတောင်းသည်၊ အကန့်အသန့်အသတ်ရှိသည်။
သို့သော် စာမျက်နှာများကားများလွန်းလှသည်။ အတွေးအခေါ်လွတ်မြောက်ပါမှ ချွှေး၊ သွေး အရင်းအနှီးများစွာပေးနိုင်ပါမှ ဘဝစာမျက်နှာများကို အဓိပ္ပါယ်ရှိစွာ ဖြတ်ကျော်နိုင်ပေလိမ့် မည်။ နိဂုံးချုပ်ကို သွေးနဲ့ရေးခဲ့သည်။ သတ္တိဆိုသည်မှာ တကယ်တော့ စွန့်လွှတ်မှုပင်။
အခက်အခဲကလေးများက စွန့်လွှတ်မှုကလေးများဖြစ်ပြီး၊ အခက်အခဲကြီးများက စွန့်လွှတ်မှု ကြီးများဖြစ်သည်ဟု ဆိုပါလျှင် မနှင်းဆီ၏ ဘ၀စာမျက်နှာမျာကား စွန့်လွှတ်မှုမှတ်တမ်းများပင် ဖြစ်တော့မည်။
မနှင်းဆီကား ရဲရင့်သည်။ သူ့အဆင်းရနံ့များဖြင့်ကျနော်တို့ကို နွေးထွေးအေးမြစေခဲ့သည်။ ရင်ကိုအေးမြစေခဲ့သည်။ ရင်ခုန်စေခဲ့သည်။ သူ့ဆူးတက်ကလေးများကမူ ရန်သူ့နှလုံးအိမ် တည့် တည့် စူးရှနာကျင်စေခဲ့သည်။ ဆရာမကြည်အေးရဲ့ နွမ်းလျအိမ် ပြန်ထဲမှ မောင့်ခြေရင်းဝပ်နေသည့် ခရေပွင့်လေးများနှင့်လည်းမတူ။ ပင်မြင့်မှာပွင့်သည့် နန်းသုံးတော်ဝင် ပန်းသဇင်လေးတွေနှင့်လည်း မတူ... ... ...။
(၃)
ပသို့ဆိုစေ ကျနော်ကားရခိုင်ကျေးလက်ဒေသမှ အညတရ လယ်သူမတယောက်၏ စွန့်လွှတ်မှု ကို စာဖွဲ့လိုက်မိပြီ။ ကျနော့်အမြင်... ကြီးမြတ်သူဖြစ်ဖြစ်၊ အညတရဖြစ်ဖြစ် စွန့်လွှတ်မှုမှာ အတူတူ ပင် ဖြစ်ပါသည်။ စွန့်လွှတ်သူများက စွန့်လွှတ်သွားကြပြီး ကျန်ရစ်သူများက ဂုဏ်ပြု အသိအမှတ်ပြု ဖော်ပြခြင်းမပြုကြလျှင် တာဝန်ကျေမည်မဟုတ်ပေ။ မနှင်းဆီကဲ့သို့ အမည်မပေါ်သော အညတရသူရဲကောင်းများအား ရှာဖွေဖော်ထုတ် မှတ်တမ်း တင် ဂုဏ်ပြုနိုင်ကြပါစေ။... ... ...။ အောင်သာ Labels: အက်ဆေး/၀တ္ထုတို |
posted by thitsarforce @ 8:21 AM  |
|
|
|
|