Thitsar

Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.

ကျေးဇူးပြုပြီး...
Tuesday, August 7, 2007
အောင်ပင်လယ်

ကျေးဇူးပြုပြီး
ဘေးနည်းနည်းကပ်ပေးကြပါ ဖယ်ကြပါ
သူတို့ကို ကျနော်တို့ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်။

ကျေးဇူးပြုပြီး
တိုးဝှေ့ဝိုင်းအုံ မနေကြပါနဲ့
စုပြုံရပ်ပိတ်မနေပါနဲ့
သူတို့ကို ကျနော်တို့ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်။

ကျေးဇူးပြုပြီး
ပြင်ထားကြပါ ရှေ့မှာ
စစ်ကား တင့်ကားသံဆူးကြိုးများ
သေနတ်တကားကားနဲ့ကြေးစား...

ကျေးဇူးပြုပြီး
လွင့်ပျံနေတဲ့ အောင်လံတွေနောက်က လိုက်ကြ
ညီညီညွတ်ညွတ်နဲ့ သွေးခင်းလမ်းအတိုင်းချီတက်ကြ။

ကျေးဇူးပြုပြီး
အနာတရနဲ့ သားချင်းတွေကို
လဲကျသွားတဲ့ ကျနော်တို့လူတွေကို
ထူပေးကြပါ ကူကြပါ။

ဒီ အမလေး ဟာ
ရင်ဘတ်ကို ကျည်ဖောက်သွားတာပါ
ခုအထိ သွေးထွက်မရပ်သေးပါဘူး
အမြန်ဆုံးသူမကို ဆေးရုံအရောက်ပို့ကြရအောင်။

ဒီရဟန်းပျိုမှာ
ဦးခေါင်းကို ရှပ်ပြီး ထိမှန်သွားတာပါ
ခုအထိ ကိုယ်တော် သတိမလစ်သေးပါဘူး။

ကျေးဇူးပြုပြီး
သူတို့ကို ကျနော်တို့ ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်
လမ်းပိတ်မထားပါနဲ့ အုံမနေပါနဲ့။

ဟိုဘက်မှာလဲ လူအုပ်ထဲ ဒလစပ်ပစ်ခတ်နေတယ်
ဒဏ်ရာသမားတွေ ပိုပြီးတောင်များနေတယ်
အလုပ်သမား ၀န်ထမ်း ဈေးသည်
ကျောင်းသား လူငယ်လူရွယ်
သွေးအိုင်ထဲမယ်။

အို... ဦးလေးတို့ အဒေါ်တို့
အမတို့ အကိုတို့
မိဘပြည်သူအပေါင်းတို့
အမှန်တရားကို ချစ်မြတ်နိုးသူတို့
အိမ်တိုင်းထွက်ကြပါဗျို့ လမ်းပေးပါဗျို့
သူတို့ကို ကျနော်တို့ ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်။

ကျေးဇူးပြုပြီး
အားလုံးကို မှတ်ထားကြစမ်းပါ
သွေးရူးသွေးတန်းနဲ့ ကြောက်ရမ်းခဲ့တဲ့
ဒီစစ်ရာဇ၀တ်ကောင်တွေကို မှတ်ထားကြစမ်းပါ
ဒီသွေးစာရင်း ချွေးစာရင်းကို မှတ်ထားကြစမ်းပါ
ဒီနေ့ဒီရက်ကို မှတ်ထားကြစမ်းပါ။

(ရှစ်လေးလုံး အာဇာနည်များနဲ့ သူရဲကောင်းများသို့...)

Labels:

posted by thitsarforce @ 8:00 AM  
0 Comments:
Post a Comment
<< Home
 
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com