Thitsar

 
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
ဦးအောင်စောဦး ... သို့မဟုတ်
Monday, August 6, 2007
(၁)

သူ့ကိုစတင်တွေ့သည်မှာ ဆရာနိုင်ဝင်းဆွေ၏ ကလောင်ရွှေရတုပွဲတွင် ဖြစ်သည်။ ရွှေရ တုသဘင်အခန်းအနားကို မာနယ်ပလောရှိ (NLD) ရုံးချုပ်တဖက်ခြံရှိ အိမ်ကလေးတလုံးတွင် ခင်းကျင်းကြသည်။ ၁၉၉၁ ဧပြီ ၁။ ဆရာနိုင်ကို လေးစားချစ်ခင်ကြသည့် စာရေးဆရာ၊ ကဗျာ ဆရာများ၊ တက္ကသိုလ်ကျောင်းဆရာနှင့် အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တချို့၊ တပ်ရင်း ၂၀၈ မှ ရဲဘော်တချို့ တက်ရောက်ကြသည်။ အရေအတွက်များလှသည် မဟုတ်။ ရန်သူ့နဂါး မင်းစစ်ဆင်ရေးက စတင်နေခဲ့ပြီးဖြစ်၍ မာနယ်ပလောရှိ တော်လှန်ရေးတပ်များက ဒေါနတောင် တန်းတွင် တိုက်ပွဲဝင်နေပြီ။ တိုက်ပွဲမှ လက်နက်ကြီးပေါက်ကွဲသံကိုပင် သဲ့သဲ့ကြားနေရသည်။ ထို့ကြောင့်ပင် ဆရာနိုင်ဝင်းဆွေ၏ ကလောင်ရွှေရတုပွဲ နဲနဲနှင့် ကျဲကျဲ ၀ိုင်းလိုက်ကြသည်။

စကားဝိုင်းတွင် တဦးချင်းစကားပြောကြသည်။ ကိုအောင်စောဦးအလှည့်ကျသောအခါ ပြည်တွင်းက စာပေအနေအထားကိုပြောသည်။ သူတောမခိုမှီ ကဗျာဆရာ၊ စာရေးများနှင့် တွေ့ ခဲ့ရကြောင်း၊ တောတွင်းစာရေးဆရာများအနေနဲ့ ပြည်တွင်း စာရေးဆရာများ၏ကိုယ်စား ပို၍ လှုပ်ရှားနိုင်ကြလိမ့်မည်လို့ မျှော်လင့်နေကြောင်းပြောကြသည်။

သူပြောသည်ကို မှတ်တမ်းအဖြစ် ကျနော်က လိုက်ရေးပေးရသည်။ ဆရာနိုင်က မှတ် တမ်းစာအုပ်ထုတ်ဝေချင်၍ မှတ်တမ်းလိုက်ရေးပေးဖို့တောင်းဆိုသဖြင့် ကျနော်ကလိုက်မှတ် ပေးရချင်းဖြစ်သည်။ လွတ်မြောက်ဒေသ စာရေးဆရာ၊ ကဗျာဆရာများ၏ စာပေကို သူကအ လေးပေးပြီးပြောသဖြင့် သူ့ကိုသတိပြုလိုက်မိသည်။ အခြားမိတ်ဆွေအများက ဆရာနိုင့်စာပေ အနုပညာကိုသာ ကောင်းချီးပေးကြသည်။

(၂)

တကယ်က လွန်ခဲ့သည့် ၁၇ နှစ် - ၁၈ နှစ် ကာလ ကျောင်းသားလှုပ်ရှားမှုတွင် အတူ တကွ လှုပ်ရှားမှုတခုထဲတွင် ပါဝင်ခဲ့ကြဖူးသည်။ ထိုစဉ်က သူ့ကို ကိုယ်မသိ။ ကိုယ့်ကို သူမသိ။ မာနယ်ပလောနှစ်ကာလများကို ဖြတ်သန်းလာခဲ့ကြသည်။ မာနယ်ပလော နှစ်ကာလများကို ဖြတ်သန်းလာခဲ့ကြပြီး အမေရိကန်ကို ရောက်လာကြ၊ ပြန်လည်ဆုံဆည်းကြ၊ ရှေးဟောင်း နှောင်းဖြစ်ပြန်ပြောကြတော့မှ သူ့နေရာ ကိုယ့်နေရာ နေရာအမှတ်အသားများကို ပြန်တွေ့ကြ ရသည်။ သမိုင်းကိုတူးဆွရင်းပြန်မြင်ကြရ သည်။

ထိုစဉ်က ကျနော်က ကျောင်းသားခေါင်းဆောင်များ၏ နောက်လိုက်မျှသာ ချီတက်ရာ တွင်ပါသည်။ ဦးသန့်ဂူဗိမာန်အတွက် အုတ်သယ်ရာတွင်ပါသည်။ လက်ဆင့်ကမ်း ၀ါဒဖြန့်ချိရေး စာရွက်စာတမ်းများကို ဝေငှရသည်။ ကျောင်းသားခေါင်းဆောင်များ၊ ဦးပဉ္ဇင်းများ နိုင်ငံရေး ဟောပြောသည့်အခါ အားပေးရသည်။ လက်ခုပ်တီးသြဘာပေးရသည်။ ကြွေးကြော်သံများ တိုင်ပေးရသည်။ ဟစ်အော်ကြွေးကြော် ပေးရသည်။ မြေပြင်နှင့် ကောင်းကင်နံရံများကို ရိုက် ခတ်တုန်ဟီးစေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံကို ကျနော်က အားကူဖြည့် ဆည်းပေးသည်။ ဒီလောက်ပဲ။

“ကိုအောင်စောဦး ... ပြောစမ်းပါအုံး... အဲဒီတုန်းက ကားခေါင်မိုးပေါ်မှာ ကျောင်းသူ တဦးကတက်ပြီး တရားဟောတယ်မဟုတ်လား ... အဲဒီကျောင်းသူက ဘယ်သူလဲဗျ ဦးသန့် အလောင်းကို သယ်လာခဲ့ကြတဲ့ညလေဗျာ ... ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာလေဗျာ။”

သူကဖြေသည်။ မှတ်ဉာဏ်ကောင်းတဲ့သူ။ အမှတ်သည်းခြေကြီးသူ။ လူပုဂ္ဂိုလ်နှင့် အဖြစ်အပျက်များကို ခရေစေ့တွင်းကျ မှတ်သားထားတတ်သူ။ သူ့ကိုကျနော် အံသြမိသည်။ ဒီလောက်မှတ်မိနေတဲ့သူ။ သူက မဌေးဌေးဝင်းတဲ့။ သုဝဏ္ဏကလေ။ ထောင်ကျတဲ့ကျောင်းသား ခေါင်းဆောင်ထဲမှာ ၅၂ ယောက်မြောက် ကျောင်းသူပေါ့။ အသက်အငယ်ဆုံးလေ။

ကျနော်က မေးပြန်သည်။ “အဲဒီညက ကျနော်တို့ သမိုင်းဆောင်ကိုပတ်ပြီး ဆန္ဒပြချီ တက်ကြတော့ ခင်ဗျားပါသေးလား”

လှုပ်ရှားမှုအခြေအနေခြင်း နှစ်ကာလခြင်းမတူ။ ကျနော့်မှာ ရောထွေးနေပြီ။ ကိုအောင် စောဦးက အသေးစိတ်အသေအချာဖြေသည်။ ထိုစဉ်က ကိုယ်ရေးမှတ်တမ်းရေးဖို့ အခက်အခဲ ရှိသည်။ ထို့ကြောင့်မရေးဖြစ်။ ကျောင်းသားလှုပ်ရှားမှုတွင် ဖြန့်ဝေသည့် လှုံ့ဆော်စာရွက်များ၊ တပ်လှန့်ကြွေးကြော်သံများကို အိမ်ထရံထဲ ထိုးထည့်သိုဝှက်ထားရသည်။ တအိမ်မှ တအိမ် ပြောင်း အိမ်ငှားနေရသဖြင့် ထိုသို့သိမ်းဆည်းသိုဝှက်ထားရသည်မှာလဲ မလွယ်လှ။ တချိန်ချိန် လွတ်မြောက်လာသည့်ကာလတွင် သမိုင်းပြတိုက်တွင် ပြသထားနိုင်ရလိမ့်မည်။ အနည်းဆုံး သမိုင်းမှတ်တမ်းဖြစ်နေရမည်။ ဤသို့ဖြင့် ကျနော်က ထရံကြားညှပ်ကာသိမ်းသည်။ ကိုအောင် စောဦးက ဦးနှောက်ထဲတွင် သိမ်းဆည်းထားသည်။ ထိုသို့သိမ်းဆည်းတတ်သူ။ သူကတော့ ထိုကြွေးကြော်သံများကိုပါ မှတ်မိစွဲလမ်းနေသည်။ သူက သမိုင်းပြတိုက်ပါပဲ။ ပြတိုက်ဖြစ်နေခဲ့ သည့်သူ။

မာနယ်ပလော တော်လှန်ရေးအခြေခံစခန်း၌ ၉၁-၉၂ တွင် ခေတ္တဆုံစည်း။ ထို့နောက် ခွဲခွာခဲ့ကြ။ ၁၉၉၉ တွင် သူနှင့်ပြန်ဆုံသည်။ အမေရိကန်၊ အင်ဒီယားနားပြည်နယ် ကျနော်ရှိနေ သည့် ဖို့တ်ဝိန်းမြို့သို့သူ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က မိတ်ဆွေတဦး၏အိမ်သို့ သူ ရောက်လာခဲ့ခြင်းဖြစ်သည်။ ဖုန်းဆက်ပြီး အကြောင်းကြားသဖြင့် သူရှိရာသို့ ကျနော်အပြေး ရောက်လာခဲ့သည်။ သူ့လက်ထဲတွင် သူပြုစုခဲ့သည့် “လွတ်လပ်ရေးရွှေရတု” သမိုင်းမှတ်တမ်း စာအုပ် ကြီးက ပါလာသည်။ လူရော စာအုပ်ပါတွေ့လိုက်ရသဖြင့် ၀မ်းသာလွန်း၍ လှိုက်နေလေသည်။ စာအုပ်ကိုငုံ့ကြည့်ရင်း ကျနော်အံ့သြနေမိသည်။ သူ့လက်ကို ဒုတိယအကြိမ်လှမ်းဆွဲကာ နှုတ် ဆက်လိုက်ရသည်။ သူ့အားထုတ်ကြိုးပမ်းမှုကိုအလေးအနက် အသိအမှတ်ပြုကာဂုဏ်ပြုလိုက် ခြင်းဖြစ်သည်။

ကျနော့်မှာ သူ့လောက်မလုပ်နိုင်။ သူ့လိုမပြုစုနိုင်။ လူ့ရာဇ၀င်၊ လူ့သမိုင်းကို လူထုဘက် ကရပ်ပြီး ရေးလျှင်၊ ပြုစုလျှင် ထိုသမိုင်းကို ကျနော်ချစ်သည်။ လေးစားသည်။ တန်ဘိုးထား သည်။ ဖိနှိပ်သူ၊ အုပ်စိုးခြယ်လှယ်သွေးစုပ်သူဘက်က ဖားယားပြီးရေးလျှင် ကျနော်စက်ဆုပ် သည်။ ထို့နောက် ထိုသမိုင်းစာတမ်း စာစောင်နှင့် သမိုင်းဆရာကို မစင်ပုတ်လိုသဘောထား ကာ ရွံနေတတ်သည်။ ထိုသဘောထားကို ပြောင်းလဲပစ်၍မရနိုင်တော့။ ဗမာပြည်စစ်အုပ်စု၏ အစုတ်အပဲ့သမိုင်းစာအုပ်များထွက်ပေါ်ခဲ့သည်။ ပြည်သူလူထုသမိုင်းက ထွက်ပေါ် မလာနိုင်ခဲ့။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုသမိုင်းကို သူပြုစုသောအခါ ဂုဏ်မယူပဲ မနေ နိုင်တော့။ ဒုတိယအကြိမ် လက်ဆွဲနှုတ်ဆက်သောအခါ ကျနော့်မှာ လှိုက်လှဲရင်ခုန် နေလေ သည်။

(၃)

လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် ရုန်းကန်နေဆဲ တိုက်ပွဲဝင်နေသူ ဘက်က တဖက်တွင် ပြည်တွင်းဒီမိုကရေစီလှုပ်ရှားမှု သမိုင်းစာတမ်းများကိုပါ စုစည်းထုတ် ဝေသူ။ စစ်အာဏာရှင်ခေတ် အမှောင်ခေတ်တလျှောက်လုံး အမှောင်ချခြင်းခံထားရသော မျိုးဆက်ဟောင်း မျိုးဆက်သစ်တို့အတွက် သမိုင်း၏အလင်းရောင်ကို ရရှိစေလိုသည့် ပြင်းပြသည့် ဆန္ဒကိုတွေ့ရှိရသည်။ ချိုကျိုးနားရွက်ပဲ့ သမိုင်းလိမ်သမိုင်းညာကို လူထုသမိုင်းနှင့် သူက အစားထိုးပေးသည်။ လူအလူနတွေ မဖြစ်စေရအောင်လို့။

ငွေပုံပေါ်မှာထိုင်ပြီး သမိုင်းစာအုပ်ထုတ်ဝေရခြင်းမဟုတ်။ အခက်အခဲပေါင်းများစွာကို နောက်ကျောဘက်တွင်ထားနိုင်ခဲ့သူ။ ပညာတတ်ပညာရှင် အထောင်အသောင်းထဲမှာ သူ့လို သမိုင်းပြုစုသူ တယောက်ပေါ်လာဖို့ အလွန်ခက်သည်။ ၂၀၀၆-၂၀၀၇ တွင် ဗိုလ်ချုပ်ကျော်ဇော ၏ “ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ” ပထမတွဲကို ထုတ်ဝေခဲ့ပြီး ဒုတိယတွဲကို ထုတ်ဝေရန်ပြင်ဆင်နေ ဆဲ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖက်ဆစ်စစ်အုပ်စုခေါင်းဆောင် နေ၀င်း၏ ခါးပိုက်ဆောင် လက် ကိုင်ဒုတ် သခင်တင်မြက “ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ” ကို ၂၀၀၇ မတ်လတွင် ထုတ်ဝေ သည်။ ခေတ်ပြိုင်နိုင်ငံရေးခေါင်းဆောင်များကို ရေးထားသည့် ခေတ်ပြိုင်သမိုင်းစာအုပ်များ ဖြစ် လာခဲ့သည်။ အမျိုးသားပြည်သူလူထု၏ ရန်သူစစ်အုပ်စုလက်ထဲတွင် သခင်တင်မြက သူ့သ မိုင်းစာအုပ်ကို ထုတ်ဝေသည်။ ဗိုလ်ချုပ်ကျော်ဇောက ရန်သူလက်လှမ်းမမှီသည့် လွတ်မြောက် ဒေသတွင် သူ့သမိုင်းကို ကိုအောင်စောဦးက ထုတ်ဝေသည်။ ထုတ်ဝေပုံချင်းမတူသကဲ့သို့ သ မိုင်းကိုရေးသူနှစ်ဦး၏ ရပ်တည်မှု၊ ဘက်ရပ်မှုသည် လည်းမတူတော့။ ရန်သူကို ဒူးထောက်အ ညံ့ခံသူနှင့် ရန်သူကို လူထုဘက်မှရပ်ကာ တိုက်နေသူတို့နှစ်ဦးကြားတွင် တန်ဘိုးက မိုးနှင့်မြေ နှယ် ကွာခြားသွားပြီ။ တန်ဘိုးကြီးမားသည့် သမိုင်းစာအုပ်ကို ပြည်သူလူထုလက်ထဲကို ပို့ ဆောင်ပေးသူမှာ ကိုအောင်စောဦးပင်ဖြစ်သည်။ ဗမာပြည်တွင် ထုတ်ဝေသူနှင့် စာအုပ်တိုက်က အမျိုးမျိုး။ စာအုပ်အရောင်းအ၀ယ် အမြတ်အစွန်းကိုကြည့်ပြီး ထုတ်ဝေသူများ၊ စာအုပ်တိုက် များမှာ တလှေကြီးရယ်။ သမိုင်းတန်ဘိုးကြီးသည့် စာအုပ်များကိုထုတ်ဝေသူနှင့် စာအုပ်တိုက် မှာ များများစားစားမရှိ။ ဗမာပြည်အပြင်ဘက်တွင် ပုံမှန်စာအုပ်ထုတ်ဝေသူအလွန်နည်းသည်။ ရှုံးခံပြီးထုတ်ဝေသူမှာ အလွန်နည်းသည်။ သူအပတ်တကုတ် ထုတ်ဝေဖြန့်ချိခဲ့သည့် စာအုပ် အရေအတွက်မှာမနည်းလှ။ ပြည်တွင်းစစ်နှင့် ပြည်ငြိမ်းချမ်းရေးလှုပ်ရှားမှုသမိုင်း၊ သမိုင်းမှန် ကူကွက်များ၊ ဗကသ နှင့် ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ မှိုင်း၏ စာပေလှုပ်ရှားမှု၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုသမိုင်း၊ ဗိုလ်ချုပ်ကျော်ဇော၏ ဖြတ်သန်းမှုသမိုင်း၊ သမိုင်းမှတ်တမ်းစာအုပ်များ တအုပ်ချင်း စဉ်ပြီးထွက်လာသည်။ ပြည်သူတို့၏ သမိုင်းစာအုပ်များထဲတွင် အနာဂတ်အတွက် မီးရှူးတန်ဆောင်များ ပါလာလေသည်။ သူက ထိုသမိုင်းမီးရှူးတိုင်ကို ထွန်းညှိပေးသူ။ သို့မ ဟုတ်တောက်ပခွင့်မရသော သမိုင်းကို ပြန်လည်ထွန်းညှိနိုင်သောသူ။ ပြည်ပသို့ထွက်လာကြ သူများထဲတွင် သူ့လိုလူ တယောက်ပဲရှိသည်။

(၄)

ဗမာပြည်လူ့အဖွဲ့အစည်းတွင် ကျောင်းသားများက အဖိနှိပ်ခံလူထုဘ၀ကို ကိုယ်စားပြု ကာ ထိုလူထုအတွက် တရားမျှတရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး ထို့နောက် ငြိမ်းချမ်းရေး အတွက်တိုက်ပွဲဝင်ခဲ့ကြသည်။ ကျောင်းသားတိုက်ပွဲသည် လူထုတိုက်ပွဲဖြစ်လာသည်။ ကျောင်း သားလှုပ်ရှားမှုသည် လူထုလှုပ်ရှားရုန်းကန်မှုကြီးဖြစ်လာသည်။ ဤသို့ဖြင့် ဗမာပြည်သမိုင်းတွင် ကျောင်းသားလှုပ်ရှားမှု အစဉ်အလာကြီးမားလာခဲ့တော့သည်။

ကိုအောင်စောဦးက ၁၉၅၂ တွင် မွေးသဖြင့် သူမွေးဖွားရာ ဗမာပြည်မြေအပြင်သည် သေနတ်သံ၊ ယမ်းနံ့ သွေးညှီနံ့၊ ရွာကိုပြာချပစ်၍ ခွေးအူသံနှင့် မီးခိုးနံ့၊ ငိုးကြွေးရှိုက်သံ၊ ပိုးစိုး ပက်စက်အလောင်းများဖြင့် လွှမ်းသောမြေပြင်ဖြစ်သည်။ ၇၄-၇၅-၇၆ နှင့် ၈၈ လှုပ်ရှားတော် လှန်မှုများတွင် ပါဝင်ခဲ့ကြသည့် မျိုးဆက်အတော်များများသည် ထိုပြည်တွင်းစစ် အနံ့အသက် မြင်ကွင်း ၀န်းကျင်တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ တကယ်လည်း ထိုတော်လှန်ရေး လှုပ်ရှားမှုများသည် ပြည်တွင်းစစ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆိတ်သုဉ်းမှုကို ရောင်ပြန်ဟပ် ခြင်းဖြစ်သည်။ အဆက်အထုံးဖြစ်သည်။

ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားဘ၀တွင် ကိုအောင်စောဦး သည် ကျောင်းသားလှုပ်ရှားမှုတွင် အလုပ်သမားလှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။ တက်ကြွ သည့်ကျောင်းသားခေါင်းဆောင်ဟု သူ့ကို အမှတ်သင်္ကေတပြုထားကြသည်။ ၁၉၇၆ တွင် နေ၀င်းစစ်အုပ်စု၏ အကျဉ်းထောင်နရသိမ်တွင် ကျောင်းသားနိုင်ငံရေး အကျဉ်းသားဖြစ်လာခဲ့ သည်။ စစ်ခုံရုံး စစ်မိန့်ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ကျခဲ့သည်။ထို့နောက်စစ်အုပ်စုက သူ့ကိုကျောင်းထုတ်ပစ်သည်။ ထုံးစံအတိုင်းပင်။ စစ်အာဏာရှင်စနစ်ကို တော်လှန်သောနိုင်ငံ ရေးသမား ကျောင်းသားနိုင်ငံရေးသမားတို့ကို ထိုသို့နှိပ်ကွပ်နေကျ။ မိမွေးတိုင်း ဖမွေးတိုင်း ထောင်အပြင်ရောက်လာခဲ့ခြင်းကိုက ကံကောင်းလှသည်ဟု ပြောရလိမ့်မည်။ တချို့က ထောင် တွင်းမှာကျဆုံး၊ တချို့ ဦးနှောက်နှင့် ခန္ဓာကိုယ် ပျက်စီးသွား။ နှိပ်စက်ညှဉ်းပန်းမှုကိုက အညှာ အတာ ကင်းမဲ့ပြီးသား။ ၁၉၈၂ တွင် ပုဒ်မ ၅ ညဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျ ခဲ့ပြန်သည်။

ထိုမှစကာ တော်လှန်သော ကျောင်းသားဘ၀မှ တဆင့်တက်ကာ နိုင်ငံရေးသမား ဘ၀ တော်လှန်ရေးသမားဘ၀သို့ ကူးပြောင်းလိုက်သည်။ ၁၉၇၉ တွင် ပြည်တွင်းတွင်ခြေရာဖျောက် ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာသည်။ ၁၉၉၁ ဖေဖေါ်ဝါရီ ၁၄ တွင် မာနယ် ပလောသို့ ရောက်လာသည်။ ဒုတိယအကြိမ်တောခို သူပုန်ဖြစ်လာခြင်းဖြစ်သည်။ ကျနော် အိမ်သို့ သူရောက်လာစဉ် ပထမအကြိမ် တော်ခိုခဲ့သည်ကို ကျနော်က စပ်စုမိသည်။

“ဖက်ဆစ်တော်လှန်ရေး ကာလတုန်းက အထက်ပျဉ်းမနား၊ အောက်လူတော်လို့ ဆိုရိုး ရှိခဲ့တယ်။ လူတော်ဆိုတာ မြစ်ဝကျွန်းပေါ်မြောင်းမြနယ်က ရွာကြီးတရွာ။ မြစ်ဝကျွန်းပေါ်ဆိုတာ က တခါက လက်နက်ကိုင်တော်လှန်ရေး ဘူမိနက်သန်မှန်ခဲ့တဲ့ဒေသပဲ။ ၁၉၆၉ မှာ စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ်နဲ့ အရေးနိမ့်ခဲ့ရတယ်။ အေး ... ဒါကြောင့် မြစ်ဝကျွန်းပေါ်သားဖြစ်တဲ့ ငါတို့ဟာ ငါတို့ခေတ်မှာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်စေရမယ်။ အဲဒီလိုပေါ်လာပြီဆို ရင်တော့ ပထမဆုံးပစ်ဖောက်လိုက်တဲ့သေနတ်သံဟာ ငါတို့မျိုးဆက်တွေသယ်ဆောင်ခဲ့တဲ့ သေနတ်သံ ဖြစ်စေရမယ် ... ဒါဟာ ၁၉၇၉ မှာ ဟစ်ကြွေးခဲ့တာ ... ဒါကြောင့် တောတွင်းက လူမျိုးစုလက် နက်ကိုင် တော်လှန်ရေးထဲရောက်ခဲ့တာ ... အဲဒီကနေ မြစ်ဝကျွန်းပေါ်ကိုပြန်ရောက်လာတယ် ... တော်လှန်ရေးကိုပြန်ဖေါ်တယ်လေ...”

သူ ဒုတိယအကြိမ် တောခို သူပုန်ဖြစ်တော့ မာနယ်ပလော ရောက်လာသည်။ ၇၉ က ပေါင်းစည်းခဲ့သည့် လူမျိုးစုခေါင်းဆောင်များကို သူပြန်တွေ့ရပြန်သည်။ တော်လှန်ရေးထဲ ရောက်လာသည့်အခါ ၇၉ ကနှင့်မတူတော့။ ၉၀ ရွေးကောက်ပွဲရလဒ်ကို ထင်ထားသည့်အ တိုင်းပင် စစ်အုပ်စုက အာဏာလွှဲပြောင်းရေးအတွက် သရိုးသရီတောင်မဖြစ်တော့။ ခင်ညွန့်က ၉၀ ဇူလိုင် ၂၇ တွင် အမိန့်ထုတ်လိုက်သည်။ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့ စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံသည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း စစ်မိန့်စစ်အာဏာ ထုတ်ပြန်လိုက်သည်။

ထို့ကြောင့် ဒီချုပ်ပါတီထဲတွင် ပြည်သူ့ဆန္ဒနှင့်အညီ မဖြစ်မနေလူထုအစိုးရဖွဲ့စည်းရမည် ဆိုသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုးတက်တော်လှန်သည့်အင်အားစုများ ထွက်ပေါ်လာခဲ့သည်။ စင်ပြိုင်အစိုးရဖွဲ့ရန်ထိုကိုယ်စားလှယ်များ ထိုအင်အားစုများနှင့်အတူ ကိုအောင်စောဦးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူက ပြည်တွင်းတွင် အစီအစဉ်အားလုံးရေးဆွဲ ပြီးမှ ထွက်ခွါခဲ့ရသဖြင့် (NCGUB) ဖွဲ့ပြီးမှ မာနယ်ပလောသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ဤသို့ ဖြင့် အမျိုးသားညွန့်ပေါင်းအစိုးရကို (NCGUB) ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (DAB) နှင့် ဒီမိုကရက်တစ် မဟာမိတ်များတပ်ပေါင်းစု (NDF) တို့၏ ၀ိုင်းရံထောက်ကူမှုဖြင့် ဖွဲ့စည်းဖြစ်သည်။

ထို့နောက် သူက မေတ္တာပေါင်းကူးတံတား ထိုးသူ။ လက်တွေ့ဆောက်သူ။ တောင်ပေါ် တိုင်းရင်းသားများနှင့် ပြည်တွင်းက ဗမာတွေကြားမှာ ငါတို့ဟာ မေတ္တာပေါင်းကူးတံတား ဖြစ် စေရမည်ဟု ခံယူထားသည်။ တောတွင်းလက်နက်ကိုင် လူမျိုးစုများကြားတွင် ညီညွတ်ရေးကို တည်ဆောက်သူ။

“စစ်အုပ်စုကိုဖြိုချဖို့ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်လိမ့်မယ်လို့ ဘယ်ဘုရား ကမှ ဗျာဒိတ်ပေးလွှတ်လိုက်တာမဟုတ်ဘူး။ လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်ပွဲခံနိုင်တာ မခံနိုင်တာတပိုင်း၊ အနိမ့်ဆုံးအဆင့် တိုင်းရင်းသားတွေကြားမှာတော့ အမျိုးသားညီညွတ်ရေး ကို ရအောင်တည်ဆောက်ယူရမယ်။ ဒါဟာ ပြည်တွင်းက တခြားလူတွေ မရနိုင်တဲ့ အခွင့်အ ရေးပဲ။ မဟာဗမာလူမျိုးကြီးဝါဒ ပပျောက်အောင် လက်တွေ့လုပ်ပြရမယ်။ ပြည်တွင်းက ဗမာ တွေနဲ့ တောင်ပေါ်က တိုင်းရင်းသားတွေကြားမှာ ကျနော်တို့ဟာ မေတ္တာပေါင်းကူးတံတားဖြစ် စေရမယ်” ဖိနှိပ်အုပ်စိုးသူတွေရဲ့ မဟာဗမာဝါဒနဲ့ အခြားတဖက်ရှိ အမြင်ကျဉ်းလူမျိုးရေးဝါဒ ကြောင့် ပိုပြီးသွေးကွဲခဲ့၊ သတ်ဖြတ်သွေးချောင်းစီးခဲ့။ အဖိနှိပ်ခံဗမာလူထုထဲက လူထုတဦးအ ဖြစ်နဲ့သူက သွေးသမိုင်းကို သွေးကြွေးဆပ်လိုသူ။ နိုင်ငံရေးခေါင်းဆောင်အဖြစ်နှင့် ကြွေးဆပ် နေခဲ့လေသူ။

(၆)

သူက ၁၉၅၂ ဧပြီ ၆ ရက်မွေး။ ဧရာဝတီတိုင်း ပုသိမ်ဇာတိ။ ၇၄ ဇွန်လ အလုပ်သမား သပိတ် အလုပ်သမားလှုပ်ရှားမှုတွင် သူပါဝင်လှုပ်ရှားစဉ် သူ့အသက်မှာ ၂၂ နှစ်၊ ထိုမှစတင် ကာ နိုင်ငံရေးလောကထဲ ရောက်လာသည်။ ၈၈ အရေးတော်ပုံကြီးတွင် အမျိုးသားကျောင်း သားများသမဂ္ဂ ဒု-ဥက္ကဋ္ဌ။ ပုသိမ်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် ငြိမ်းချမ်းစွာလူထုဆန္ဒဖော်ထုတ်ရေး ကော်မတီ၏ အမှုဆောင်။ အစာငတ်ခံ ဆန္ဒပြသပိတ်သား။ (NLD) တွင် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ ပဲခူးတိုင်းစည်း ရုံးရေးမှူး။ စင်ပြိုင်အစိုးရဖွဲ့စည်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူ။ တော်လှန်ရေးဒေသသို့ရောက် လာစဉ် နိုင်ငံရေးလှုပ်ရှားမှုနှင့်အတူ တာဝန်နှင့်ဆောင်ရွက်ချက်တွေက စိပ်လာသည်။ (NLD) လွတ်မြောက်နယ်မြေ ဗဟိုစည်းရုံးရေးကော်မတီဝင်၊ နိုင်ခြားရေးဋ္ဌာန။ ပြည်ထောင်စုမြန်မာနိုင် ငံ အမျိုးသားကောင်စီအဖွဲ့ဝင်၊ နောက်တနှစ်တွင် အမျိုးသားကောင်စီ သဘာပတိ အဖွဲ့ဝင်၊ (NLD_LA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ တွဲဘက်အတွင်းရေးမှူး စသဖြင့် သမိုင်းအကွေ့ အချိုး အမျိုးမျိုးတွင် ဘ၀အမျိုးမျိုးကိုဖြတ်သန်းခဲ့ရသည်။ ကျောင်းသားဘ၀၊ တော်လှန်ရေးသ မားဘ၀၊ ထို့နောက် နိုင်ငံရေးသမား၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်။ နိုင်ငံရေးအဖွဲ့အစည်း များ၏ ခေါင်းဆောင်။ ရန်သူစစ်အုပ်စုက သူ့ကို တရားခံပြေးအဖြစ်ကြေညာလိုက်သည်။ အထူး ခြားဆုံးသော အမှတ်အသားမှာ သတင်းစာဆရာ၊ အယ်ဒီတာစာရေးဆရာ သမိုင်းကျမ်းပြုစုသူ၊ ထုတ်ဝေသူ စသဖြင့်။ ၁၉၇၄ မှ ၂၀၀၇ သို့ရောက်သောအခါ သူ၏နိုင်ငံရေးစာပေ လှုပ်ရှားမှု သက်တမ်းမှာ ၂၃ နှစ်သို့ တိုင်ခဲ့ပေပြီ။

သူက သဘင်မှုတွင် မွေ့ပျော်သူ။ အလေ့အထကြီးသူ။ ကျနော်က သူ့အလေ့အထမျိုး ကို ကျောင်းသားဘ၀ထိ ရရှိနေခဲ့ဖူးသည်။ ၀ါသနာက တထပ်တည်း။ သို့သော် ယ္ခုအခါ သူ့ကို လိုက်၍မမှီတော့။ ဇာတ်ခုံပေါ်က သင်္ကြန်မင်းသား၊ ဇာတ်မင်းသားအဖြစ် သရုပ်ဆောင် သောအခါ သဘင်မှုအနုပညာ၏ ဇာတ်ဟန်၊ ဇာတ်အသံကို အပြည့်အ၀ပင်တွေ့ရသည်။ အိနြေ္ဒမဆည်နိုင် တော့။ သူ့ကိုကြည့်ကာ ကျနော်ရယ်လေသည်။ လှောင်ရယ် ပြောင်ရယ်မ ဟုတ်။ ဇာတ်ကွက် ဇာတ်ဝင်ထိမိအောင် သရုပ်ဆောင်နိုင်၍ အံ့သြခြင်းဖြင့် ရယ်မိခြင်းဖြစ် သည်။

တကယ်က ၀ါဒဖြန့်ချိမှုတွင် ထိုသို့သဘင်မှုဖြင့် ဖြန့်ချိတတ်သူ။ မှတ်မှတ်ရရ။ ၈၁ နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ကို ကျနော်နေထိုင်သည့် မြို့တွင် ကျင်းပစဉ် သူက ပြဇာတ်ဖြင့် ၁၉၂၀ ကျောင်းသားသပိတ်ကို သရုပ်ဖေါ်ကာမျိုးဆက်သစ်များအား အမျိုးသားနေ့ကို မိတ် ဆက်ပေးသည်။ အမျိုးသားအောင်ပွဲနေ့သမိုင်းကို မသိကြသည့် အသက် နှစ်ဆယ်ဝန်းကျင် ဗမာပြည်ဘွားလူငယ်များအတွက် ဒီဇာတ် ဒီသမိုင်းသည် ထူးဆန်းနေလေသည်။

ထိုနေ့မကျင်းပမီ၊ ဇာတ်မကမီ ၅ ရက် ကြို၍သူရောက်လာသည်။ အလုပ်က ခွင့်ယူကာ မိုင်တထောင်ကျော်ဝေးသည့် ၀ါရှင်တန်ဒီစီမှ လာခဲ့ခြင်းဖြစ်သည်။ ဇာတ်တိုက်ကြရသည်။ သူ က ဇာတ်ကြောင်းပြန်ပြောသူ။ (narrater) သို့သော် ကျောင်းသားခေါင်းဆောင် ကိုဘဦးနေရာ မှာ ၀င်ရောက်ကပြရမည့်သူကို ရှာမတွေ့၊ နောက်ဆုံးကျနော်ပဲ ကိုဘဦး ၀င်လုပ်ရသည်။ ခက်သည်က ကျောင်းသားသပိတ်တွင် ကိုဘဦးပြောရမည့် စာသားများကို ကျနော်က အလွတ် မကျက်နိုင်။ အလွတ်မကျက်တတ်။ တက္ကသိုလ်တွင် စာကျက်ပြီး စာမေးပွဲဖြေခဲ့သူမဟုတ်။ စာကျက်မဖြေသဖြင့် ဂုဏ်ထူးအမှတ်မပေးနိုင်ကြောင်း ပါမောက္ခက ကျနော့်ကိုပြောဖူးသည်။ ယခုလည်း ကိုအောင်စောဦးက

“ကိုစိုးချိန်စာကျက်ဗျာ၊ အလွတ်ပြောရမှာ၊ သဘာဝကျအောင် အလွတ်ပြောရမှာဗျ” ဟုပြောသည်။

“ကျနော်တို့တွေဟာ သမိုင်းကြွေးဆပ်နေကြတာ မဟုတ် လားကိုစိုးချိန်”

ဟု ဇာတ်တိုက်သည့်ညက တိုးတိုးသက်သက်ကျနော့်ကိုပြောပြသည်။ ကျနော်က ဒီအတိုင်းပဲခံယူထားပါတယ်ဗျာဟု သူ့ကိုတုန့်ပြန်သည်။ တကယ်ဇာတ်ကရသောအခါ ကျ နော် စာဖတ်ပြီးပြောရတော့သည်။ သူ့မျက်နှာကိုကြည့်ကာကျနော့်မှာ မျက်နှာပူနေမိလေ သည်။ နောက်နှစ် ၂၀၀၂ တွင် သင်္ကြန်ပွဲလုပ်သောအခါ သူ့မိသားစုအားလုံး ကျနော့်အိမ် ရောက်လာသည်။ သင်္ကြန်အဖွဲ့နှင့်အတူ သံချပ်ထိုးရန် သင်္ကြန်သံချပ်ဝတ်စုံပြည့်တဒါဇင်ကျော် ကို ထမ်းပိုးသယ်ယူလာခဲ့သည်။ သင်္ကြန်အဖွဲ့ လူနှစ်ဆယ်ကျော်ကို ဇာတ်တိုက်ထားသည့် အ တိုင်း သင်္ကြန်ပွဲ၏ဇာတ်ခုံထက်တွင် ဝေဆာမြူးကြွနေကြတော့သည်။ သူကား သင်္ကြန်မင်းသား သံချပ်ခေါင်းဆောင် စတိတ်ဒါရိုက်တာ။ သဘင်ဟန်ဖြင့်သူ့မှာ ငှက်သွင်ပျံကြွမတတ်သောင် ... ဖြစ်နေလေသည်။ စစ်အုပ်စု၏ အစုတ်များအပုပ်များကို ဇာတ်ခုံထက်တွင် စိပ်မွှာဆွဲထုတ်ပစ်ခဲ့။ ကြက်သီး မွှေးညှင်းထရသည်။ ကျနော်က သူ့ဇာတ်ကွက်ထဲတွင် လူလိုသဖြင့် တကွက် နှစ်ကွက် ၀င်ပေး၍ သရုပ်ဆောင်ပေးရသည်။

သူနှင့်ကျနော် တရားဟောစင်မြင့်တွင် မကြာခဏဆုံစည်းဖြစ်ကြသည်။ ဖို့တ်ဝိန်းမြို့ အမျိုးသားအောင်ပွဲနေ့၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းမွေး နေ့၊ တိုကျိုစာပေဆွေးနွေးပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းများတွင် ဆုံစည်းဟောပြောဖြစ် ကြသည်။ တိုကျိုရှိ အင်အယ်လ်ဒီရုံးခွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ၊ ပင်လုံစိတ်ဓာတ်နှင့် ဗမာပြည်၏ အမျိုးသားရေးပြဿနာခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၊ မဲဆောက်နိုင်ငံရေးဆွေးနွေးပွဲတို့တွင် သူနှင့် ကျနော် ဆုံစည်းလာခဲ့သည်။ တခါတရံ သူ၏သဘင်ဟန် ကိုတွေ့ရသည်။ စကားပြောကောင်း သူ။ တရားဟောကောင်းသူ၊ ပရိတ်သတ်ကို ညှို့ခေါ်စည်းရုံးနိုင်သည့်သူ။ စကားပြောအနုပညာ ရပ်ကို ပိုင်ဆိုင်ထားသူ။ ပြောမည့်အကြောင်းအရာကို သူကအသေ အချာလေ့လာပြီးမှ ပြောသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စာပေနိုင်ငံရေး၊ ငြိမ်းချမ်း ရေးခေါင်းဆောင်မှုရှု ထောင့်တို့မှ ဟောပြောရာတွင် စီးပိုင်ထိမိလှသည်။ ဆရာမောင်စွမ်းရည်က ကျနော့်ရှေ့မှာ သူ့ကို မကြာခဏ ချီးမွမ်းခန်းဖွင့်သည်။ မှိုင်းဗေဒကို ကျွမ်းကျင်သူ။ မှိုင်းနှင့်ပတ် သက်၍ သမိုင်း မှတ်တမ်းစာအုပ်တွေလည်း ထုတ်ဝေသူ။

သူ၏ကြီးမားသည့် သမိုင်းအမှတ်အသားမှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတွင် တ လှမ်းမဆုတ်ခဲ့သူ။ ပညာတတ်လောက်ကောင်နှင့် သစ္စာဖောက်များနှင့် မနှိုင်းအပ်သည့် တော်လှန်ရေးသမား၊ နိုင်ငံရေးသမားး ၇၄-၇၅-၇၆ တွင် တောက်ပခဲ့သည့် တော်လှန်ရေးကြယ် ပွင့်ကို သူကိုယ်တိုင်တန်ဘိုးထား လေးစားသူ။ ရိုသေကိုင်းညွတ်သူ။

မောင်စိုးချိန်

ဧပြီ-၂၈-၂၀၀၇

Labels:

posted by thitsarforce @ 11:02 PM  
0 Comments:
Post a Comment
<< Home
 
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com