Thitsar

 
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
သစ်တော်ပင်ရိပ်အောက်မှ ကဗျာရင်ခုန်သံ
Monday, August 6, 2007
၂၀၀၇ ဧပြီလ ၄ ရက်။ မှတ်မှတ်ရရ ကဗျာဆရာတွေ၊ ကဗျာချစ်သူတွေစုစည်းမိကြ။ မှတ်မှတ် ရရပဲ ကဗျာတွေအကြောင်းဆွေးနွေးဖြစ်ကြ၊ ရင်ခုန်ဖြစ်ကြသည်။ မြရွက်စိမ်းလဲ့ သစ်တော်ပင်နှင့် တ ရုတ်ဇီးပင်၏ အေးမြအရိပ်အောက်မှာ ရင်ခုန်ဆွေးနွေးမိကြခြင်းဖြစ်သည်။ မျက်မှောက်ကာလ ခေတ် ပေါ်ဗမာကဗျာတွေကို ပြိုင်တူခံစားသုံးသပ်ခဲ့ကြဖူးသည်။ အံချချင်ကြသည်။ ထိုသို့ကဗျာဆရာ တဦး ချင်း လွယ်ပိုးသယ်လာခဲ့သည့် ခံစားသုံးသပ်မှုများသည် သစ်တော်ပင်ရိပ်တွင် ဆုံစည်းကြစဉ်ခိုက် ဖွင့် အံ ချလိုက်ကြခြင်းဖြစ်သည်။ မြုံထားခဲ့ရလွန်း၍ ဖြစ်မည်။ ဟစ်ကြုံးလှိုက်လှဲသံနှင့်ရော ယှက်ထားသည့် ပေါက်ကွဲသံသည် သစ်တော်ပင်ရိပ် အောက်ကတဆင့် လှိုင်းထပဲ့တင်ကာ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့် နေပေလိမ့်မည်။

ဆရာအောင်ငြိမ်း။ ။ ပြည်တွင်းမှာတော့ ကဗျာအတတ်ပညာပိုင်းသက်သက်ကိုပဲ ပြောနေကြတော့ တာပဲဗျ။ ဒါတွေကိုပဲ ငြင်းခုန်နေကြတယ်။ အထူးသဖြင့် ၈၈ နောက်ပိုင်းမှာ ပိုပြီးတော့ ကဗျာပုံသဏ္ဌာန်ပိုင်းကိုပဲ၊ (Form) သက်သက်ကိုပဲပြောနေကြတယ်။ အဘိဓမ္မာပိုင်း မပြောကြ တော့ဘူး။

ရဲဘော် ကျော်ဆွေ။ ။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့အတူ ကဗျာလှုပ်ရှားမှုဟာလဲ ရှိနေခဲ့တာပါပဲ။ ဒီမှာပြောချင်တဲ့ တချက်က နောက်ပြန်ဆွဲအတွေးအခေါ်သမားတွေက ကဗျာပုံသဏ္ဌာန်သစ် တွေကို တီထွင်လာခဲ့ကြ တယ်။ အတွေးအခေါ်က မတည်ငြိမ်တဲ့အခါမှာ ကဗျာပုံသဏ္ဌာန်ဟာလဲ မတည်ငြိမ်တော့ဘူး။ ကဗျာ ကို တီထွင်ဆန်းသစ်ကြမှာပါပဲ။ ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်ကို သွတ်သွင်းဖို့ ကဗျာပုံသဏ္ဌာန် တီထွင်တယ်ဆိုရင်တော့ လူမှုတော်လှန်ရေးကိုပါအဟန့် အတားဖြစ်စေလိမ့်မယ်။ တကယ်လဲနောက်ပြန် ဆွဲနေတာလဲ တွေ့နေရတာပဲဟာ။

မောင်စိုးချိန်။ ။ ပြည်တွင်းက ခေတ်ပေါ်ကဗျာတွေကို ကျနော်တို့အားလုံးဖတ်ရှုခံစားကြ၊ လေ့လာ သုံးသပ်နေကြတာပါပဲ။ ကဗျာရဲ့အလှဗေဒနဲ့ အဲဒီကဗျာတွေကိုအကဲဖြတ် ကြည့်နေ မိတယ်။ အတွေးရဲ့အလှ၊ စကားလုံးအလှ၊ တင်ပြဖွဲ့စည်းမှုအလှ၊ စိတ်ကူးရုပ်ပုံတင်စား မှုအလှ၊ အသံစီး ဆင်းမှုအလှစတဲ့ ... စတဲ့ အလှတွေနဲ့ ကဗျာကိုအကဲဖြတ်ကြည့်တဲ့အခါ အဲဒီအလှကြန်အင်ကို တချို့ ကဗျာတွေမှာတွေ့ရတတ်ပါတယ်။ လူထုဘ၀၊ လူထုခံစားမှုတွေကို ဖွဲ့သီရာက ထွက်ပေါ်လာတဲ့ အလှ ကဗျာကတော့ အတော့ကိုနဲတယ်။ ရှားပါးပစ္စည်းပဲ။ အလှကင်းတဲ့၊ လူထုခံစားမှုမပါတဲ့၊ တကိုယ်ရည် ပေါက်ကွဲမှုနဲ့ တကိုယ်ရေခံစားမှုကို စကားပြေနဲ့ရေးဖွဲ့တဲ့ကဗျာ ဆိုတာမျိုးတွေကိုတွေ့ရတာက ပိုများ တယ်။ အဲဒီအခြေအနေမျိုးမှာပဲ ကဗျာပုံသဏ္ဌာန်၊ ကဗျာဖွဲ့ စည်းမှုသက်သက်ကိုပဲ ပွဲထုတ်လာကြ၊ ငြင်း ကြ၊ ခုန်ကြတော့တာပါပဲဗျာ။

ရဲဘော်တင်ဖေ။ ။ ဟုတ်တယ်ဗျ သူတို့အချင်းချင်းလဲ ငြင်းခုန်နေကြတာ။ ကဗျာပုံသဏ္ဌာန်နဲ့ ပတ်သက်ပြီး ငြင်းခုန်ပွက်လောရိုက်နေကြတယ်။

ဆရာအောင်ငြိမ်း။ ။ သူတို့ရဲ့ ပုံသဏ္ဌာန်တွေကလဲ ပွနေတာပဲလေ။ သူတို့ရဲ့ပေတံနှုန်းစံတွေကလဲ ဖောင်းပွ။ နိုင်ငံရေးကလစ်ဘရယ် ဗဟုဝါဒဆိုတော့ ကဗျာပုံသဏ္ဌာန် ကဗျာ ပုံစံဟာ မစွဲမြဲတော့ဘူး။ ဖောင်းပွနေတော့တာပါပဲလေ။

ရဲဘော်မြင့်ဦး (ကဗျာဆရာ ဖိုးနီ)။ ။ တချိန်တခါက မိုးဝေမဂ္ဂဇင်း၊ မိုးဝေစာပေမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ ကဗျာတွေကို ကျနော်တို့တွေ အငမ်းမရ စောင့်မျှော်ဖတ်ခဲ့ကြ တာပေါ့။ အဲဒီကာလက ကဗျာရေးတဲ့ကဗျာဆရာဟာ သူရဲကောင်းပဲဗျ။ အခုတော့ ကဗျာဆရာတွေရဲ့ ကဗျာကိုဖတ်ဖို့၊ ခံစားဖို့အတွက် ၀န်လေးလာတယ်။ တကယ်တော့ ရပ်တည်မှုဟာ အတွေးအခေါ်နဲ့ ဆိုင်တယ်။ ကဗျာဆရာရဲ့အတွေးအခေါ်နဲ့ ရပ်တည်မှုပေါ့။ ကဗျာဆရာက ရပ်တည်မှုမရှိတော့ဘူး၊ ရပ် တည်မှုမခိုင်မာတော့ဘူးဆိုတာနဲ့ တပြိုင်နက်ကြောင်တောင်တောင်အတွေးအခေါ်က ကြောင်တောင် တောင်ဖောင်းပွပွ ကဗျာပုံသဏ္ဌာန် တွေကို ရေးဖွဲ့တော့တာပါပဲ။

ဆရာ ငြိမ်းချမ်းသူ။ ။ ကျနော်ဒီလိုတွေ့ရတယ်။ ဒါကြောင့်ဒီလိုပြောချင်တယ်။ နိုင်ငံရေးပင်မ ရေစီးနဲ့ အတက်အကျအနိမ့်အမြင့်တွေရှိခဲ့ပါတယ်။ ယခုလဲရှိနေဆဲပါ။ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ကဗျာတွေ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ခေတ်ဆန်းကဗျာတွေ၊ ဆရာဒဂုန် တာရာရဲ့ စာပေသစ်၊ ကဗျာတွေ ... စတာတွေဟာ ဗမာပြည်နိုင်ငံရေး ပင်မရေစီးရဲ့ အရှိန်အဟုန် အပြောင်းအလဲများနဲ့ ဆက်စပ်မှီတည်နေတာကိုတွေ့ရပါလိမ့်မယ်။ သီးခြားကင်းလွတ်ဖြစ်တည်နေတာ မဟုတ်ပါဘူး။ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလက ကဗျာတွေကိုကြည့်ရင် အရှေ့ကအနောက်ကိုလွှမ်းနေတဲ့၊ လွှမ်းဖို့ဆက်လက်ကြိုးစားရုန်းကန်နေကြတဲ့ ကာလမှာ နိုင်ငံရေးရေစီးနဲ့ ကိုက်ညီတဲ့၊ ထင်ဟပ်တဲ့ကဗျာ တွေ ထွက်ပေါ်ဖွံ့ဖြိုးခဲ့တာပေါ့။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်း ချမ်းရေးအတွက်၊ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ပင်မနိုင်ငံရေး ရေစီးဖြစ်ခဲ့တာ။ လက်ရှိကာလမှာ ပြောင်းသွားပြီး။ အနောက်က အရှေ့ကိုလွှမ်းရေးဖြစ်လာတယ်။ အနောက်က လစ်ဘရယ်အတွေးအခေါ်က အရှေ့ကို ရိုက် ခတ်လာတော့ အနုပညာကိုပါ လွှမ်းလာတယ်။ အနောက်ကအရှေ့ကိုလွှမ်းရေး၊ တနည်းအားဖြင့် လစ်ဘရယ်ဒီမိုကရေစီဆိုတဲ့ ပြုပြင်ဖာထေးထားတဲ့ အရင်းရှင်ဒီမိုကရေစီလွှမ်းမိုးရေးဟာ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာက တကဏ္ဍဖြစ်တယ်။ လက်တွေ့မှာတော့ ကဗျာဆရာ စာရေးဆရာတချို့ဟာ ကိုယ့်မှာရှိတဲ့ ပန်းနုရောင်သန်းနေတဲ့ အဘိဓမ္မာကို ခ၀ါချစွန့်လွှတ်ပြီး စောစောက ပြောခဲ့တဲ့ လစ်ဘရယ် ဒီမိုကရေစီကို လက်ခံလိုက်ကြတယ်မဟုတ်လား။ တချို့ကျတော့ လစ်ဘရယ်လား ပြည်သူ့ဒီမိုကရေစီ လား ၀ိုးတ၀ါးဖြစ်နေ၊ ယိမ်းထိုးလှုပ်ခါနေကြတယ်။ အဲဒီလိုဆုပ်ကိုင်ထားရမယ့် အတွေးအခေါ်အဘိဓမ္မာ ဟာ တည်တည်တံ့တံ့မရှိတော့တဲ့အခါ၊ ယိမ်းထိုးလာတဲ့အခါ သူ့ကဗျာရဲ့ဖွဲ့စည်းမှု ပုံသဏ္ဌာန်တွေဟာလဲ မတည်မငြိမ်ဖြစ်လာတော့တာပါပဲ။ ဒါကြောင့်ကဗျာကိုဘယ်လို ဖူးပွင့်ရမလဲဆိုတာ မေးစရာဖြစ်လာခဲ့ တယ်။ “ပန်းတိုင်းပွင့် ပါစေ” ဆိုတာနဲ့ ပတ်သက်လို့ တရုတ်ကဗျာဆရာကြီး အိုက်ချင်းပြောတာဟာလဲ မှတ်သားစရာ တခုပဲဖြစ်တယ်။ ဆရာကြီးက ဒီလိုပြောပါတယ်။ ပန်းတိုင်းပွင့်ပါစေဆိုတာ နိုင်ငံရေးမိုးလေ ၀သပေါ်မှာ အခြေခံပြီးဖူးပွင့်ခြင်းဖြစ်တယ် လို့ဆိုတယ်။ နိုင်ငံရေးဆိုတာ အာဏာပြဿနာဖြစ်တယ်။ အဲဒါပါပဲ။ အခုကြုံကြိုက်နေတဲ့အတွက် ကျနော်တို့နောင်တော် ကဗျာဆရာမောင်လေးအောင်ရဲ့ “နောက် ဆုံးကျည်ဆံ” ကဗျာထဲက ကဗျာတပိုဒ်ကိုရွတ်ပြပါ့မယ်။ ကဗျာဆရာရဲ့ အတွေးအခေါ်ဟာ တည်ကြည် ပြတ်သားခိုင်မာတဲ့အခါ ကဗျာဖွဲ့စည်းမှုကလည်း ရိုးရှင်းနေတယ်၊ ရှုပ်ထွေးမနေဘူး။ မျက်စေ့ရှုပ်၊ ဦးနှောက်ရှုပ်စေတဲ့ ပုံသဏ္ဌာန်ဖွဲ့စည်းမှု မပါဘူး။ လုံးဝ မပါဘူး။ လှပြီးရှင်းတယ်။ တည်ကြည်ပြီး ရဲရင့်တဲ့ အလှကိုပါတွေ့ရတယ်။

အတုကင်းမဲ့

အောင်ပွဲရဲ့သရဖူ

ပြည်သူတွေသာ ရမယ်ဆိုရင် ...

ပျော်ရွင်ကြည်စွာ

ဒီကျည်ဆံကို

ငါလိုချင်တယ်

ငါ့ရင်ကိုထိပါစေ

ငါသေရဲတယ်

အောင်ပွဲအတွက်

ငါ့အသက်ပူဇော်မယ်။

အဲဒါ ကိုလေးအောင်ရဲ့ကဗျာပါပဲ။ ကဗျာဆရာရဲ့ ရပ်တည်ချက်၊ အဘိဓမ္မာနဲ့ အကြောင်းအရာ၊ ပြီးတော့ ... ကဗျာဖွဲ့စည်းမှုကိုပါ တွေ့ရပါတယ်။

ဆရာမောင်လှဝင်း(မြင်းခြံ)။ ။ အခုကိုငြိမ်းချမ်းသူပြောခဲ့တာ အချုပ်ပဲပေါ့ဗျာ ကိုစိုးချိန်ရယ်။ သူပြော တာ အတော့ကိုပြည့်စုံတယ်။ ဒါတွေကတော့ ပြောရမှာပဲဗျာ။ ရေးရ တော့မှာပဲလေ။ အခုကျနော်တို့ရဲ့ သစ်တော်ပင်ရိပ် ဆွေးနွေးပွဲဟာ တချိန်မှာ လှိုင်းဂယက် ဖြစ်လာလိမ့် မယ်ထင်တာပဲ။ မတတ်နိုင်ဘူးဗျ။ ပြောကြရေးရတော့မှာပဲပေါ့ဗျာ။

မောင်စိုးချိန်။ ။ ဒီနေ့ကဗျာပုံသဏ္ဌာန် အဓိက၀ါဒီများဖြစ်တဲ့ ဖော်မယ်လစ်စ်တွေရဲ့ ဆင်ကို မျက်မမြင် ခြောက်ဦးက စမ်းသပ်ပြောသလိုမျိုးနဲ့ ကျနော်တို့ပြောလို့မဖြစ်တော့ဘူးလေ။ ဟုတ် လား။ နော်ကတခုက ပြည်တွင်းမှာတိုးတက်တဲ့ ကဗျာဆရာတွေ၊ ပြည်သူ့ကဗျာဆရာတွေ၊ ပြည်သူ့ကဗျာ ဆရာ အလောင်းအလျာတွေလဲရှိနေတယ်ဗျ။ ဒီမိုကရေစီဆိတ်သုဉ်းနေတဲ့ ဒီနေ့အမှောင်ခေတ်ကာလမှာ အဒီတိုးတက်တဲ့ ပြည်သူ့ကဗျာဆရာတွေဟာ ဘာမှလွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဖော်ခွင့်၊ထုတ်ဝေခွင့် မရှိကြတော့ဘူး။ ပုံသဏ္ဌာန်အဓိက၀ါဒီများကတော့ ရေးခွင့်၊ ပြောခွင့်၊ ထုတ်ဝေခွင့်ရရှိနေကြတယ်။ ပြည်သူလူထုဘက်က ရပ်တည်တဲ့ ပြည်သူ့ကဗျာဆရာတွေဟာ ဘယ်လောက်အစော်ကားခံနေကြရသ လဲ။ လစ်ဘရယ်ဒီမိုကရေစီ ကဗျာသမား စာသမားတွေရဲ့စော်ကားမှုပါ ထပ်ပြီးခံနေရတယ်။ ဘယ် လောက်နာကျင်ကြမလဲ၊ စိတ်ထိခိုက်နေကြမလဲ။ အဲဒီလိုဘက်စုံနစ်နာနေတဲ့ ဖိနှိပ်မှုတံပိုးအောက်က ကဗျာဆရာတွေရဲ့ကိုယ်စား ကျနော် တို့ဟာ ပြောကြရမှာပဲ၊ ရေးကြရမှာပဲ။ ခုခံချေပရမှာပဲ။ သူတို့ အတွက် နှစ်ဆ-သုံးဆ တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်။

ရဲဘော် ကျော်ဆွေ။ ။ အတွေးအခေါ်ပြဿနာပဲဗျ။ ကိုယ်က သူ့ကိုမတိုက်ပေမယ့် သူက ကိုယ့်ကို တိုက်မှာပဲ။ ကိုယ်ကမတိုက်ရင်သာနေမယ် သူကတော့ ကိုယ့်ကိုတိုက်နေမှာ ပဲ။ ဒါကသေချာတယ်။

ရဲဘော် စိုးအောင်။ ။ ပုံသဏ္ဌာန်အဓိက ၀ါဒီတွေကိုတော့ ထပ်ပြီးဆန်းစစ်ရလိမ့်မယ်။ ပုံသဏ္ဌာန်ကို အဓိကထားပြီး ကဗျာဖွဲ့တာ၊ သဘောတရားထူထောင်တာတွေဟာ အဓိပ္ပာယ် ရှိရှိလုပ်နေတယ်လို့ မြင်တယ်။

ရဲဘော် တင်ဖေ။ ။ ကဗျာမှာရှိတဲ့ အကြောင်းအရာ၊ နိုင်ငံရေးနဲ့ အတွေးအခေါ်အဘိဓမ္မာကို ပစ် ပယ်ပြီး ဒါမှမဟုတ် အဓိကနေရာကနေ ဖယ်ရှားပစ်ပြီး ပုံသဏ္ဌာန်ဖွဲ့စည်းမှုကို အဓိကထားခြင်းဟာ ပေါ့သေးသေးအဓိပ္ပာယ်တော့ မဟုတ်ဘူးလေ။

ရဲဘော် ငြိမ်းချမ်းသူ။ ။ ကာရန်မဲ့ချင်မဲ့ပါစေ၊ အဘိဓမ္မာမမဲ့ပါစေနဲ့လို့တောင် ဆိုထားတယ်မဟုတ်လား

ရဲဘော် အောင်ငြိမ်း။ ။ အကြောင်းတရားနဲ့ ပုံသဏ္ဌာန်လိုက်ဖက်ညီညွတ်အောင် ကဗျာကိုဖွဲ့နွဲ့ရာမှာ အကြောင်းအရာရဲ့ တောင်းဆိုမှုကြောင့် ကဗျာပုံသဏ္ဌာန်ကို ပြောင်းလဲဖွဲ့ စည်းရတာတော့ ရှိတာပေါ့။ အကြောင်းအရာတို့၊ နိုင်ငံရေးတို့ကို အဓိကမထားတဲ့အခါ ဒါမှမဟုတ် ကဗျာ ဆရာရဲ့ တကိုယ်ရည်ပုဂ္ဂလိက ခံစားမှုရှေ့တန်းတင်ထားတဲ့အခါ ပုံသဏ္ဌာန်ကို လိုက်ဖက်အောင် ဖန်တီး ယူကြရတာပေါ့ဗျာ။ ဒီလိုလဲ ရှိတတ်ပါတယ်။

ဆရာ ငြိမ်းချမ်းသူ။ ။ ပုံသဏ္ဌာန်တွေက အမျိုးမျိုးရှိနေမှာပဲ၊ နောင်လဲရှိလာအုံးမှာပဲ။ ပြောချင်တာ ကတော့ ပုံသဏ္ဌာန်တွေဟာ ပြောင်းလဲနေမှာပဲ။ ရေလှိုင်း၊ သဲသောင်နဲ့ သဲ သောင်ပေါ်က ခြေရာနဲ့ တင်စားထင်ဟပ်ပြီးပြောချင်တယ်။ ရေလှိုင်းနဲ့သဲသောင်ကတော့ ကျန်နေမှာပဲ။ သဲသောင်ပေါ်က ခြေရာ ကတော့ ပြေင်းသွားလိမ့်မယ်။

ရဲဘော်စိုးအောင်။ ။ တော်လှန်ရေး ကဗျာဆရာတွေကတော့ အကြောင်းအရာကို အဓိကထား တယ်။ ဟိုတခေတ်၊ ဟိုတချိန်ထဲက တော်လှန်ကဗျာဆရာတွေ၊ပြည်သူ့ကဗျာ တွေဟာ နိုင်ငံရေးနဲ့လူထုခံစားမှု၊ လူထုဘ၀ကို အကြောင်းအရာအဖြစ်ထားရှိပြီး ရေးဖွဲ့ခြယ်မှုန်းခဲ့ကြတာ ပဲ မဟုတ်လား။

ရဲဘော်တင်ဖေ။ ။ ဒါပေမယ့်ပေါ့ဗျာ ကဗျာကိုလှပအောင်၊ လှသည်ထက်လှပအောင် ခြယ်မှုန်း တဲ့ အတတ်ပညာ တတ်ကျွမ်းဘို့တော့ လိုတာပေါ့။ ဒါကလည်း မုဆိုးစိုင်သင် ပါပဲ။ တတ်မြောက်အောင် လုပ်ကြရမှာပဲ။ ဒီနေ့ခေတ်တော်လှန်ကဗျာဆရာတွေ၊ ပြည်သူ့ကဗျာဆရာ တွေဟာလဲ အလှခြယ်သမှုဘက်မှာ ပိုပြီးအားကောင်းလာတာကို တွေ့ရတဲ့အတွက် အားရစရာပဲ။ တချို့ လဲ အနုပညာဘက်မှာ ခြောက်သွေ့နေဆဲဖြစ်တယ်လို့ပြောရင် လက်ခံကြမယ်ထင်ပါရဲ့ဗျာ။

ဆရာမောင်လှဝင်း(မြင်းခြံ)။ ။ ကိုယ့်ရည်ရွယ်ချက်ကိုပို့တဲ့အခါ အပျော့ပြောင်းဆုံး ဖွဲ့နွဲ့မှုနဲ့ပို့ဆောင်ရ မှာပေါ့။ အလှအပကို သယ်ဆောင်တဲ့အနေနဲ့ ပျော့ပြောင်းမှုကို လို လားပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ရင်ခုန်သံဟာ လှိုင်းထန်တဲ့ပင်လယ်ပြင်လို ညံပွက်နေတဲ့အခါ ဗုံသံလိုညံနေတဲ့အချိန်မှာ ကျနော့်ကဗျာတွေ၊ ကျနော်တို့ကဗျာတွေဟာ နွေဦးစမ်းချောင်းရဲ့ ငြိမ့်ညောင်း မှုမျိုး ရှိချင်မှရှိမယ်၊ စောင်းခတ်သံလို ငြင်သာသွဲ့ပြောင်း ငြိမ့်ညောင်းချင်မှ ငြိမ့်ညောင်းပါလိမ့်မယ်။ ဗမာ ပြည်ရဲ့မြေ၊ ကျနော်တို့မြေဟာ သူရဲကောင်းတွေရဲ့မြေပဲ။ သူရဲကောင်းတွေရဲ့မြေမှာ စွန့်လွှတ်သူတွေဟာ ဘ၀တွေ၊ သွေး၊ ချွေးတွေ စွန်းပေနေတဲ့အခါ ကျနော်ဟာ သူတို့ရဲ့တိုက်ဖေါ် တိုက်ဖက်ဖြစ်ချင်တယ်။ ပြည်သူတွေ၊ ထောင်ထဲရောက်နေတဲ့ရဲဘော်တွေ၊ ပြည်သူတွေ ဒီမိုကရေစီတိုက်ပွဲဝင်နေကြတဲ့မြေပဲ။ ကျနော့်အနေနဲ့ ကျနော်ဟာ ပွဲကြည့်သူ မဖြစ်ချင်ဘူး။ ဘ၀မှာ ပွဲကြည့်သူမရှိဘူး။ ကျနော့်ကဗျာဟာ တိုက်ပွဲဝင်လက်နက်၊ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်လက်နက်ဖြစ်ရလိမ့်မယ်။

ဆရာငြိမ်းချမ်းသူ။ ။ ဒီသစ်တော်ပင်ရိပ်စကားဝိုင်းက ကဗျာရင်ခုန်သံရဲ့ ဆိုလိုရင်းကတော့ ပြည် တွင်း ကဗျာရေစီးကြောင်းနဲ့ အတူတူ ကျနော်တို့စီးဆင်းနေတယ်။ ပုံစံသစ် တွေကို အတူရှာဖွေနေကြ တာဖြစ်တယ်။ အပြောင်းအလဲမှန်သမျှကို ကျနော်တို့စိတ်ဝင်စား နေကြပါ တယ်ဗျာ။ အခြေအနေအကြောင်းကြောင့် လူချင်းဝေးနေပေမယ့် တိုက်ပွဲက မဝေးပါဘူး၊ ကျနော်တို့ဟာ ပြည်တွင်း ကဗျာတွေကို ကိုယ်နဲ့ မဆိုင်သလို မပတ်သက်သလို ကျောခိုင်းနေကြတာ မဟုတ်ဘူးဆိုတာ ကို ဒီသစ်တော်ပင်ရိပ် ကဗျာရင်ခုန်သံစကားဝိုင်းက သက်သေထူနေပါတယ်ဗျာ။ ထပ်ပြောရရင် သက် သေပြ လိုက်တာပဲဗျာ ... ဟုတ်လား။

နွေဦး

ဧပြီ၊ ၁၀၊ ၂၀၀၇

Labels:

posted by thitsarforce @ 11:06 PM  
0 Comments:
Post a Comment
<< Home
 
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com