Thitsar

Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.

(၇)ရက်ဇူလိုင် အရေးတော်ပုံ
Monday, August 6, 2007
ဝင်းတင့်ထွန်း

-၁၉၆၂ ခုနှစ်
နေ၀င်းနဲ့စစ်အုပ်စုဟာ
ပါလီမန်ကို အပြီးဖျက်သိမ်း
အာဏာသိမ်းပြီး တက်လာတယ်။

-တက်လာ လာခြင်း
နေ၀င်းရဲ့အာဏာသိမ်းမှုကို
ဒီမိုကရေစီဖျက်သိမ်းရေး လုပ်ရပ်
စစ်တပ်အာဏာထူထောင်ရေးအကြံ
ဖေါက်ပြန်တဲ့လှုပ်ရှားမှု အဖြစ်
ဆန်းစစ် ဖွင့်ချ
အတက်ကြွဆုံး ဆန့်ကျင်
တရားဝင်ကန့်ကွက်
ကြေညာချက် သေချာထုတ်ပြီး
ဦးဦးဖျားဖျား ရှုတ်ချခဲ့တာ
ဗကသ ပါ။

-ဒါကြောင့်လဲ
ရဲရင့်တဲ့ ဗကသ
တက်ကြွတဲ့ ကျောင်းသားထုအပေါ်
အပြတ်ဆော်နှိပ်ကွပ်ပစ်ဖို့
စစ်အုပ်စုရဲ့အကြံအစည်ဟာ
အငြိုးကြီးစွာ ရှိခဲ့တယ်။

-ဒါကြောင့်မို့
နယ်ချဲ့တို့ရဲ့လက်ထက်
ကျန်သက်ဘ၀မှာတောင် မရှိဘူးသေးတဲ့
ဖိနှိပ်ရေးကျောင်းစည်းကမ်းအဖုံဖုံကို
တက္ကသိုလ်ပရ၀ုဏ်ထဲသို့ ထုတ်ပြန်
ရာဇသံအစီအစဉ်
စတင်လာတဲ့အချိန်

-၁၉၆၂ ဇူလိုင်(၇)ရက်
ထက်မြက်တဲ့ သမဂ္ဂရဲ့
တက်ကြွတဲ့သမိုင်းအစဉ်အလာနဲ့
ဘယ်အခါမှ ဒူးမထောက်
မကြောက်တရားနဲ့ခွပ်ဒေါင်း
ခေါင်းမော့ပြီးအသင့်ပြင်
စစ်အာဏာရှင်များကို ဆန့်ကျင်ရေး
တွန်သံကြွေးပြီးအသင့်ရင်ဆိုင်
(၇)ရက် ဇူလိုင်ဆိုတဲ့ အရေးတော်ပုံကြီး
မြည်ဟီးထွက်ပေါ်လာခဲ့ပြန်ပါတယ်။

-စစ်အစိုးရ အလိုမရှိ
စစ်အာဏာရှင်စနစ် အလိုမရှိ
အင်အားအပြည့်ကြွေးကြော်သံ
မိုးလုံးညံအောင် ပဲ့တင်ထပ်
ပြတ်ပြတ်သားသားဖေါ်ပြခဲ့ကြတယ်။

-စစ်အုပ်စုရဲ့ အငြိုး
လက်နက်အားကိုးသူများပီပီ
ပြည်သူ့သားကောင်းသမီးကောင်းတို့အပေါ်
ခေါင်းမဖေါ်နိုင်အောင်ပစ်ခတ်
အဓိပတိလမ်းမကြီးလဲ သွေးတွေလွှမ်း
ကံ့ကော်တန်းတွေလဲ ယမ်းနံ့ဖုံး
အဆောင်အားလုံးလဲ ကျည်ဆံသင့်
ရင်နင့်စရာမြင်ကွင်း
အံကြိတ်ရင်း တက်ခေါက်
တက်ခေါက်ရင်းနဲ့ ခွပ်ဒေါင်းအလံအကြား
ကျောင်းသားတို့သွေး မြေခခဲ့ရပြန်ပါတယ်။

-၆၂ခုနှစ် ဇူလိုင်(၈)ရက်
ခေတ်အဆက်ဆက် မော်ကွန်းမှတ်တိုင်
ခိုင်မာတဲ့အမျိုးသားရေး သင်္ကေတ
နယ်ချဲ့များရဲ့လက်ထက်ကတောင်
ယောင်လို့တောင် မတို့မထိဝံ့
လက်တွန့်ပြီး ရှောင်ရှားခဲ့
ကျောင်းသားများရဲ့ ဒေါင်းရိပ်မြုံ
သမဂ္ဂအဆောက်အအုံကြီးကိုလဲ
လက်ရဲ ဇက်ရဲ ဖြိုချ
ဗုံးနဲ့ခွဲပြီး ပြာချပစ်ခဲ့တယ်။

-ဓါး ဓါးချင်း လှံ လှံချင်းတဲ့
နေ၀င်းရဲ့စိန်ခေါ်သံ
မြန်မာ့အသံက တဆင့်
ထုတ်လွှင့်ပြီးကြေညာ
မိုက်ရိုင်းတဲ့နေရာမှာ စံပြုလောက်ပါပေတယ်။

-တကသ
ဗကသ နဲ့ သမဂ္ဂကြီးအပေါ်မှာ
ဘာကြောင့် ဒါလောက်အမုန်းပွား
ရန်းငြိုးထားရက်စက်
ဖျက်ပစ်ချင်ရတာလဲဆိုတာ
သေသေချာချာပြန်ကြည့်
လွယ်လွယ်လေးနဲ့သိနိုင်တာက

-ဗကသ ဆိုတာ
ဗမာပြည်ရဲ့ကျောင်းသားအပေါင်း
ခွပ်ဒေါင်းတို့ရဲ့မွေးဖွားရာ။

-သမဂ္ဂဆိုတာ
ဗမာပြည်ရဲ့သမိုင်းကြောင်း
ခွပ်ဒေါင်းတို့ရဲ့ခိုလှုံရာ

-ဒါကြောင့်
စစ်အာဏာရှင်တွေအတွက်
အာဏာသက်ဆိုးရှည်ဖို့အရေး
ခွပ်ဒေါင်းသွေးဆို အသေသတ်
အပြတ်မြေမြှုပ်ပစ်ချင်ခဲ့ကြတယ်။

-တကသ
ဗကသ
သမဂ္ဂတဲ့
တက်ကြွတဲ့သမိုင်းအစဉ်အလာနဲ့
ဗမာပြည်ရဲ့အထင်ကရ
ထွန်းပတဲ့ဒီအမည်တွေဟာ
ရင်ထဲမှာအစဉ်စူး
နေ၀င်းအတွက် ဆူး
အရူးအမူးဆန့်ကျင်
ထာဝစဉ် ခါးသီးစရာကြီးတွေဖြစ်ခဲ့တယ်။

-တကသ
ဗကသ တို့ရဲ့ သမိုင်းကြောင်း
ပြန်ပြောင်းပေါ်လာလေတိုင်း
အတိုင်းမသိအရှက်ရ
တကသရဲ့ခေါင်းဆောင်စာရင်း
ဗကသရဲ့ခေါင်းဆောင်စာရင်း
နေ၀င်းတယောက်မပါခဲ့ဘူး
ဘယ်ဆီခြေဦးရောက်
ဘာကြောင့်ပြောက်နေရသလဲ
ရဲရဲမဖြေ၀ံ့စရာဖြစ်ခဲ့တယ်။

-ဗမာပြည်သမိုင်းတလျောက်
ထွန်းတောက်ထင်ရှား
ကျောင်းသားများရဲ့ဒေါင်းရိပ်မြုံ
သမဂ္ဂဆိုတဲ့ အဆောက်အအုံကြီးနား
ခြေဖျားလေးတောင်မသီဘူး
မပါဘူးတဲ့ နေ၀င်းဟာ
လိပ်ပြာမလုံဖြစ်ခဲ့ရ
သမဂ္ဂမြင်ရင် ရောဂါတက်
အသရေပျက်ဖွယ်ဖြစ်ခဲ့တယ်။

-ဒါကြောင့်လဲ
တကသ
ဗကသ ကို အသေသတ်
အပြီးအပြတ်ဖျက်ဖယ်သိမ်း
ချုပ်ငြိမ်းသွားအောင်လုပ်ခဲ့တယ်။

-သမဂ္ဂကြီးကို ဗုံးနဲ့ခွဲ
လက်ရဲ ဇက်ရဲ ဖျက်ဖြိုချ
ပြာကျသွားအောင်လုပ်ခဲ့တယ်။

-ဒါပေမယ့်
ကျောင်းသားတွေရဲ့ ၀ိဉာဉ်ထဲ
ရင်ထဲက ဗကသ
ဘယ်တော့မှ မချုပ်ငြိမ်း
ဖျက်သိမ်းပစ်လို့မရပါ။

-ခွပ်ဒေါင်းတွေရဲ့ နှလုံးသားထဲ
ရင်ထဲကသမဂ္ဂ
ဘယ်တော့မှမပြိုပျက်
ဖျက်ဆီးပစ်လို့မရပါ
ကြည့်ကြ
ကြည့်ကြ

ဝင်းတင့်ထွန်း

Labels:

posted by thitsarforce @ 11:43 PM  
0 Comments:
Post a Comment
<< Home
 
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com