Thitsar

 
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
ဗိုလ်ချုပ်ကျော်ဇောနှင့် တွေ့ဆုံဆွေးနွေးခြင်း
Monday, August 6, 2007

သစ္စာအယ်ဒီတာအဖွဲ့

ဗိုလ်ချုပ်ကျော်ဇောသည် တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်ထွန်းသစ်ခဲ့သည့် ကာလမှစ၍ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်သည့် တော်လှန်ရေးသမားကြီး၊ တော်လှန်ရေးခေါင်းဆောင်ကြီး။ လွတ်လပ်ရေး၊ ပြည်သူ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်အဖြစ်နှင့်ပင် ဆက်လက်ပါဝင်ခဲ့သူ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည့်နောက် အမျိုးသား နိုင်ငံရေးလမ်းကြောင်း ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပထမတန်း နိုင်ငံ့ခေါင်းဆောင်တို့၏ နိုင်ငံရေး ခေါင်းဆောင်မှု အဆင့်နေရာကို သမိုင်း၏တွန်းပို့တောင်းဆိုချက်အရ ၀င်ရောက်တာဝန်ယူဆောင်ရွက် ကြိုးပမ်း ခဲ့ရသည့် အမျိုးသားခေါင်းဆောင်အင်အားစုထဲက ခေါင်းဆောင်တဦးဖြစ်သည်။ ဖောက်ပြန်သော အင်အားစုများ၏ ဖိနှိပ်မှုမှ လူထုတရပ်လုံး လွတ်မြောက်ရေးကို စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည့် အတွက် ဗိုလ်ချုပ်ကျော်ဇောကို လူထုများက ချစ်ခင်လေးစား ကြည်ညိုကြသည်။ “ဗိုလ်ချုပ် ကျော်ဇော” ဟူ၍ပင် လူထုက ခေါ်ဝေါ်ကာ ချစ်ခင်ကြည်ညိုခဲ့ကြသည်။ သစ္စာမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာအဖွဲ့ကလည်း လူထုက ခေါ်ဝေါ်ခွန်းဆင့်ခဲ့ကြသည့်အတိုင်း မတိမ်းမလွဲဘဲ “ဗိုလ်ချုပ်” ဟူ၍ အရင်းနှီးဆုံး ခေါ်ဝေါ်နှုတ်ဆက်လိုက်ကြသည်။ ဗိုလ်ချုပ်၏ တလေးတစား တုံ့ပြန်မှု၊ ယဉ်ကျေးနူးညံ့သည့် ဖော်ရွေဆက်ဆံမှုက ကျနော်တို့အတွက် အားတက်ရွှင်ပြစေခဲ့သည့်အပြင် နမူနာကောင်းများကို ရှိစေခဲ့သည်။ (၂၀၀၆၊ နိုဝင်ဘာ၊ ၁၅)တွင် ကျနော်တို့အဖွဲ့နှင့် ဆွေးနွေးခဲ့ရာ အသက် ၈၇ နှစ်၊ အရွယ်ရှိ ဗိုလ်ချုပ်၏ ဆွေးနွေးပြောကြားချက်အသံကို စာဖတ်ပရိတ်သတ်နှင့် ဗိုလ်ချုပ် ၏မိတ်ဆွေပြည်သူများက စိတ်နားဖြင့် နားဆင်ကာ ဖတ်ရှုသုံးသပ်နိုင်လိမ့်မည်ဟု ကြိုတင် မျော်လင့်ထားကြ ပါသည်။

သစ္စာအယ်ဒီတာအဖွဲ့

အယ်ဒီတာ။ ။ သတင်းဋ္ဌာနတွေက ဗိုလ်ချုပ်ကို တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ကြတာ အတော်များခဲ့ ပါပြီ။ အကြောင်းအရာတွေလဲ အတော်အသင့် စုံလင်ခဲ့ပါပြီ။ ယခု ကျနော်တို့ တွေ့ဆုံ ဆွေးနွေးခန်း မှာတော့ အကြောင်းအရာတခုခုကို မေးမြန်းဆွေးနွေးတာမျိုးမလုပ်တော့ပဲ၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပစ်ရေး၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဒီနေ့အချိန်ကာလမှာ ကျနော်တို့ သစ္စာအင်အားစုများ အပါအ၀င် အမျိုးသားပြည်သူ လူထုတွေကို ဘာများပြောချင်ပါ သလဲ။ ဗိုလ်ချုပ်အနေနဲ့ တိုင်းပြည်ကို ဘာများ ပြောလိုပါသလဲ။ ဗိုလ်ချုပ်ပြောလိုတာ၊ ပြောချင်တာ ကို ပြောပြပေးပါ ဗိုလ်ချုပ်။

ဗိုလ်ချုပ်။ ။ ဗမာပြည်နဲ့ပတ်သက်ပြီး ကျနော့်သဘောထားကို ပြောပြချင်ပါတယ်။ ကျနော်တို့ ဗမာပြည်ကြီး ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရလိုက်တာဟာ ကျနော်တို့ ဘိုးစဉ် ဘောင်ဆက်များက စလို့ ဇွဲနပဲကြီးစွာ ဆင်နွှဲခဲ့ကြတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု တိုက်ပွဲစဉ်ကြီး တွင်းမှာ အဆင့်တရပ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ပဋိပက္ခတိုက်ပွဲများနဲ့ ပြည့်နှက်နေတာပါ။ လူသားတို့ဟာ မိမိတို့ဘ၀သာယာ လွတ်မြောက်ရေးအတွက် အဆက်မပြတ် ရုန်းကန် တိုက်ပွဲဝင်ကြရပါတယ်။ ရန်သူအမျိုးမျိုးကို ရင်ဆိုင်တိုက်ပွဲဝင်ကြရတာပါ။ ဒီလိုနည်းနဲ့ လူသားတွေရဲ့သမိုင်းကို မြင့်တက်အောင်လုပ်ကြရတာပါ။ အဲဒီ သမိုင်းတွေကို မြင့်တက်အောင် óကိးပမ်းနေတဲ့ လူတွေရှိသလို၊ အဲဒါတွေကို တားဆီးတဲ့ ဖောက်ပြန်တဲ့၊ ဖိနှိပ်ချုပ်ချယ်တဲ့ အင်အားစုအုပ်စုများကလည်း သမိုင်းတွေကို နောက်ပြန်ဆွဲဖို့ ကြိုးစားကြတာပါပဲ။ သူတို့ကလည်း နည်းလမ်း ပေါင်းစုံနဲ့ တားဆီးပိတ်ဆို့ကြတာပါပဲ။ ဒီအတိုင်းပါပဲ ဗြိတိသျနယ်ချဲ့သမားတွေဟာ ဒုတိယကမ္ဘာ စစ်အပြီးအားမတန်လို့ မာန်လျော့ပြီး ဗမာပြည်အပါအ၀င် ကိုလိုနီနိုင်ငံငယ်ကလေးများရဲ့ လွတ်လပ် ရေးကို နိုင်ငံရေးအရ လက်လွှတ်ရပေမဲ့ စီးပွားရေးအရ အလွတ်အကျွတ် ဖြစ်သွားမှာကိုတော့ မလိုလားကြပါဘူး။ ဒါကြောင့် အမျိုးသားညီညွှတ်ရေးအင်အားစုတွေ ပြိုကွဲသွားအောင် နည်းလမ်း ပေါင်းစုံနဲ့ ပြုလုပ်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်အတွက် နိုင်ငံရေးအရရော စီးပွားရေးအရပါ လွတ်လပ်ရေးရဘို့ တောင်းဆိုပြီး တပြည်လုံးကိုလဲ သူ့နောက်မှာရပ်လာအောင် စည်းရုံးနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗြိတိသျနယ်ချဲ့သမားများထံက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အမျိုးသားခေါင်းဆောင် တပြုံလုံးကို လုပ်ကြံသတ်ဖြတ်လိုက်တာပါ။ ဗြိတိသျနယ်ချဲ့တွေ အဲဒီလိုလုပ်လိုက်တာဟာ ကိုယ့်အင်ပါယာအတွင်းရှိတဲ့ ကျန်လွတ်လပ်ရေးတိုက်ပွဲဝင်နေသူ အားလုံး ကိုလဲ ခြိမ်းခြောက်လိုက်တာပါပဲ။
ကျနော်တို့ ဗမာပြည်အတွက် ဗိုလ်ချုပ်နဲ့တကွ အမျိုးသားခေါင်းဆောင်တွေ ဆုံးရှုံးလိုက်ရတာ ဟာ လွတ်လပ်ရေးရရှိရင် သာယာဝပြောတဲ့ နိုင်ငံကြီးတည်ဆောက်မယ်ဆိုတဲ့ အိပ်မက်ပျက်သွား တာနဲ့ အတူတူပါဘဲ။ အမျိုးသားညီညွတ်ရေး ထိန်းနိုင်သူများမရှိတော့ဘဲ ပြည်တွင်းစစ်ကြီး ဖြစ်လာ ရပါတော့တယ်။ ပြည်တွင်း စစ်ဖြစ်လာရတာဟာ နယ်ချဲ့ပယောဂကြောင့်လို့ဆိုနိုင်ပေမဲ့ အဲဒီကာလ နိုင်ငံရေးခေါင်းဆောင်အားလုံးလဲ တာဝန်တွေအသီးသီးယူကြရတာပါပဲ။ ပြောလို့သာ ပြောရတာပါ အဲဒီကာလ အမျိုးသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အများအပြားဟာ အသက် ၃၀ ၀န်းကျင်သာ ရှိကြပါသေးတယ်။ အတွေ့အကြုံအရ မရင့်ကျက်၊ မာန်မာနတွေ၊ ဂိုဏ်းဂဏစိတ်တွေ ပြင်းထန်ခဲ့ကြတာဟာလဲ သိပ်တော့ မထူးဆန်းလှပါဘူး။ မင်းပျို မင်းလွင်စိတ်တွေ ရှိနေကြပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ကျနော်တို့ တနိုင်ငံထဲဖြစ်ခဲ့တာမဟုတ်ပါဘူး။ ဥပမာ...အိန္ဒိယပြည်ထဲ ၂ နိုင်ငံ၊ ၃ နိုင်ငံကွဲသွားပြီး အခုထက်ထိလည်း ကက်ရှ်မီးယားကိစ္စ မပြီးသေးပါဘူး။ ဒါတွေဟာ ဖောက်ပြန်တဲ့ အင်အားစုတွေက အမျိုးသားအသီးသီး မလွတ်မြောက်အောင် ကိုယ့်အချင်းချင်း လှည့်တိုက်နေအောင် မွှေးပေးခဲ့တဲ့မီးတွေပါ။ ပါလက်စတိုင်း ကိစ္စ၊ တိဘက်ကိစ္စ စတာတွေလိုပေါ့။ သွေးခွဲပြီး ရန်တိုက်ပေးတဲ့ ကိစ္စတွေပါ။ ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်လာတော့ စစ်တပ်က တန်ခိုး ကြီးလာတာဟာ မဆန်းပါဘူး။ ဗြိတိသျနယ်ချဲ့သမားများက ဦးနုကိုအစပိုင်းမှာ တင်ထားပေးခဲ့ပေမဲ့ ဗမာပြည်သူလူထုကြီးရဲ့ နိုးကြားတက်ကြွလာမှုကြောင့် ဦးနုလို အပျော့ဆွဲသမားနဲ့ မကိုက်ဘူးလို့ မြင်လာတယ်။ ဗိုလ်နေ၀င်း ကိုယ်တိုင်က ၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲတွေမှာ အတိုက်အခံသမား ပမညတ အမတ်တွေ အများအပြား အနိုင်ရလာတော့ ကျနော့်ကို “ဒီအတိုင်း သွားနေရင်တော့ နောက်ရွေးကောက်ပွဲ ၂ ကြိမ်လောက်ဆိုရင် ဒီကောင်တွေပဲ နိုင်ကုန်တော့မှာ”လို့ စိုးရိမ်တကြီး ပြောဖူးပါတယ်။ အင်္ဂလိပ်အလိုတော်ရိ ဘကြီးဖေဟာ အစောကြီးကတည်းက ဗိုလ်နေ၀င်းကို အာဏာသိမ်းခိုင်းနေတာပါဘဲ။ ဗိုလ်နေ၀င်းကိုယ်တိုင်က တပ်ထဲမှာ သူ့အခြေမခိုင်သေးလို့ အချိန် ဆွဲခဲ့တာ။ ၁၉၆၀ ခုနှစ်များအတွင်းမှာတော့ ကမ္ဘာ့တော်လှန်ရေး အရှိန်မြင့်လာတဲ့အခါ ကမ္ဘာ့ ဖောက်ပြန်ရေးအင်အားစုများက နိုင်ငံအတော်များများမှာ စစ်တပ်ကို အာဏာသိမ်း ခိုင်းတာပါဘဲ။ ဒါဟာ ကမ္ဘာ့အမျိုးသားအသီးသီးရဲ့ လွတ်မြောက်ရေးတိုက်ပွဲစဉ်တွေအတွင်းမှာ အဆင့်တရပ် ဖြစ်လာတာပါ။
ဖောက်ပြန်ရေး အင်အားစုများအနေနဲ့ ပြည်သူလူထုကို ဒီမိုကရေစီတစိတ်တပိုင်း ဥပမာ... ဖဆပလ ဒီမိုကရေစီမျိုးနဲ့ လှည့်စားလို့ မရနိုင်တော့တဲ့အတွက် စစ်အာဏာရှင်စနစ်ထူထောင်ပြီး ဖက်ဆစ်ဆန်ဆန် ဖိနှိပ်အုပ်ချုပ်တော့တာပါပဲ။ ဒီလိုနဲ့ ကမ္ဘာ့ဖောက်ပြန်ရေး အင်အားစုများနဲ့ ပြည်တွင်းဖောက်ပြန်ရေးသမားများ အကျိုးတူ ပူးပေါင်းသွားကြတာပါပဲ။ ဗိုလ်နေ၀င်းရဲ့ မဆလ အစိုးရကို အနောက်နိုင်ငံများက အကူအညီများ ပုံအောပေးခဲ့တာ၊ ဒေါက်ထောက်ပေးခဲ့ကြတာကို မှတ်မိကြမှာပေါ့။
အဲဒီကာလ နိုင်ငံရေးထဲ စစ်တပ်ဝင်စွက်လာမှုဟာ ဗမာပြည်တပြည်ထဲ မဟုတ်ပါဘူး။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံတော်တော်များများမှာလဲ တွေ့နိုင်ပါတယ်။ ကမ္ဘာ့စစ်အေး စစ်တိုက်ပွဲကြီးရဲ့ အကျိုးဆက်တရပ်လို့ ပြောနိုင်ပါတယ်။ အခု စစ်အေးတိုက်ပွဲကြီး ပြီးသွားတဲ့အခါ မှာတော့ နိုင်ငံအတော်များများမှာလဲ စစ်အာဏာရှင်စနစ်တွေ ပြိုလဲကုန်ပါပြီ။ ဒါပေမယ့် အမျိုးသား လွတ်မြောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ် ပြိုလဲကျဆုံးရုံနဲ့မရနိုင်သေးဘူး။ အများကြီး ဆက်ပြီး óကိးစားရအုံးမယ်။ ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို မုန်းတီးရွံရှာပြီး အခွင့်ရရင်ရသလို တိုက်ခိုက်ခဲ့ပေမဲ့ အခုထိ မအောင်မြင်သေးပါဘူး။ ဒီအတွက်တော့ ကျနော်အပါအ၀င် စစ်အာဏာရှင်ကို မလိုလားတဲ့ မထောက်ခံတဲ့ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမား တွေ၊ အတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသား ပြည်သူပြည် သားအားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တို့ရဲ့ စွန့်လွှတ်မှု၊ အားထုတ်မှု၊ óကိးစားမှု မလုံလောက်မပြည့်စုံ သေးလို့ပါ။ တကယ်တော့ ကျနော်တို့အားလုံး တစည်းတလုံးထဲ ပူးပေါင်းလက်တွဲပြီး ဘုံလုပ်ငန်းစဉ်ရှာရမယ်။
စိတ်ရှည်ရှည် သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်ထား ညီညီညွတ်ညွတ်နဲ့ဟန်ချက်ညီညီ လုပ်ကိုင်ကြဖို့လိုပါတယ်။ မိမိတို့အချင်းချင်းအကြား ညီညွတ်ရေးကို ပျက်ဆီးစေနိုင်တဲ့အရာများ မပေါ်ပေါက်အောင် အထူးကြိုးစားကြပါ။ ကျနော်တို့ရဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဟာ မပြီးဆုံးသေးပါဘူး။
တော်လှန်ရေးတရပ် ဆိုတာဟာလည်း တချီကောင်း၊ တမယ်ကောင်းနဲ့ ရတာမဟုတ်ပါဘူး။ အဆက် မပြတ် ဇွဲနပဲကြီးစွာနဲ့ လူထုတရပ်လုံးကြိုးပမ်း အားထုတ်လာမှသာ အောင်မြင်နိုင်တာပါ။ အခုလက်ရှိ ကျနော်တို့ဗမာပြည်သူများရဲ့ နိုးကြားတက်ကြွမှုနဲ့ ကျနော်တို့ရဲ့တော်လှန်ရေး မီးတောက်ကို အရှိန်မသေ အောင် óကိးပမ်းလုပ်ဆောင်နေကြပုံတွေဟာ အလွန်အားရစရာပါ။ ကျနော်တို့ပြည်သူတွေ သူတို့လိုလား တောင့်တတဲ့ ဒီမိုကရေစီစနစ်ရမှာ မုချပဲလို့ ကျနော်ယုံကြည် ပါတယ်။

သစ္စာအယ်ဒီတာအဖွဲ့

Labels:

posted by thitsarforce @ 10:13 PM  
0 Comments:
Post a Comment
<< Home
 
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com