Thitsar

Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.

အယ်ဒီတာ့အာဘော်
Monday, August 6, 2007

ဧပြီ ၂၈၊ ၂၀၀၇

သစ္စာအင်တာနက်ဝက်ဘ်ဆိုက်ကို ထုတ်လွှင့်လိုက်ခြင်းဖြင့် သစ္စာအင် အားစု သည် စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးအတွက် ခြေတလှမ်းရှေ့တိုးလိုက်ပါပြီ။ ရှေ့တလှမ်းတိုးရန် ရည်ရွယ်စိတ်ကူးခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီ။ လက်တွေ့တွင် အခက်အခဲ ပေါင်းများ စွာကြောင့် သစ္စာဝက်ဘ်ဆိုက်မတင်ဖြစ်ခဲ့။ အခက်အခဲများကို ကျော်လွှားကာ ယ္ခု ရှေ့သို့ခြေ တလှမ်းတိုးလိုက်နိုင်ပြီဖြစ်သည်။

သို့ဖြစ်ရာ သစ္စာအင်တာနက်ဝက်ဘ်ဆိုက်ထူထောင်ခြင်း၏ ရည်ရွယ်ချက်၊ ပန်းတိုင်ကို ဖော်ပြရန်လိုအပ်လာခဲ့ပြီဖြစ်သည်။ ယင်းတို့သည်ကား အဘယ်နည်း -

(က) စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် တော်လှန်ရေးသဘောတရား၊ တော်လှန်ရေး အတွေးအခေါ်ပျံ့နှံ့ရန်

(ခ) ဗမာဖက်ဆစ်စစ်အုပ်စု၏ ကောက်ကျစ်စုတ်ပဲ့မှု၊ ဖိနှိပ်ချယ်လှယ်မှုမှန်သမျှကို ဖွင့်ချရန်၊ တုန့်ပြန်တိုက်ခိုက်ရန်

(ဂ) လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို မြှင့်တင်ရန်၊ လူထုတိုက်ပွဲကို မြင့်မား သည်ထက်မြင့်မားအောင် မြှင့်တင်ရန်

(ဃ) လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို သေးသိမ်အောင်ဖန်တီးသည့်၊ အဖိနှိပ်ခံ လူထုကိုစော်ကားသည့် ဖောက်ပြန်သည့်စာပေကို တုန့်ပြန်ချေမှုန်းရန်

(င) စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရန် တိုက်ပွဲဝင်နေသော ယနေ့တော်လှန်ရေးကာလ တွင် တော်လှန်ရေးနှင့် တော်လှန်သောလူထုကို နှောင့်ယှက်ဟန့်တားသည့် အချောင်သမား နှင့် အချောင်သမားစာပေ၊ ရန်သူ့ဖောက်ပြန်သည့်စာပေကို တုန့်ပြန်ချေမှုန်းရန်

(စ) သစ္စာမဂ္ဂဇင်းများနှင့် အခြားသတင်းဆောင်းပါးများ၊ ပန်းချီလက်ရာများ တော်လှန်ရေးမှတ် တမ်းများဖြန့်ချိရန်

(ဆ) ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ စာအုပ်စာတမ်းများ၊ သမိုင်း၏ကောင်းမြတ်သည့် စာပေ အမွေအနှစ်များကို ဖြန့်ချိရန် - ဟူ၍ဖြစ်သည်။

တကယ်က ယဉ်ကျေးမှုဖွံ့ဖြိုးစေရန် စနစ်ဟောင်းကို ဖျက်သိမ်းပစ်ရသည်။ လွတ်လပ် ပါမှ ယဉ်ကျေးမှုကလည်း လွတ်လပ်စွာဖူးပွင့်နိုင်မှာဖြစ်သည်။ ထို့ကြောင့်လွတ်လပ်မှုနှုင့် ဒီမိုကရေစီကင်းမဲ့သည့် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရေးသည် အရေးအကြီးဆုံးဖြစ် လာခဲ့သည်။ တနည်းအားဖြင့် စနစ်ဟောင်းဖျက်သိမ်းရေးသည် အခြားအရာကိစ္စတွေထက်အ ရေးကြီးသည်။ အဓိကကျလာသည်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပစ်ရေးအတွက် အဖိနှိပ်ခံအမျိုးသားပြည်သူလူထုတိုင်း တွင် တာဝန်ရှိသည်။ တော်လှန်ရေးအင်အားစုများက ထိုပြည်သူလူထုကို တော်လှန်ရေး အ တွေးအခေါ်သဘောတရားဖြင့် သိမ်းပွေ့စုစည်းနိုင်ရပေလိမ့်မည်။ စနစ်ဟောင်းအာဏာရှင် စနစ်ကို ဖျက်သိမ်းဖြိုချပစ်နိုင်သည့် အသိန်းအသန်းသောပြည်သူလူထုကို စုစည်းသိမ်းပိုက်နိုင် ပြီဆိုလျှင် အောင်ပွဲခံပြီး၊ အောင်ပွဲရရှိမှာဖြစ်သည်။

သို့ဖြစ်ရာ အဖိနှိပ်ခံပြည်သူလူထုက ရှိပြီးသား။ သူတို့ထံတိုးတက်သော တော်လှန်ရေး အင်အားစုက အရောက်သွားရလိမ့်မည်။ သစ္စာတော်လှန်ရေးစာပေအင်အားစုက အဖိနှိပ်ခံ ပြည်သူလူထုနှင့် တိုးတက်သောအင်အားစုများအကြား ပေါင်းကူးဆက်သွယ်ပေးလိုသည်။ တော်လှန်ရေးအတွေးအခေါ်စာပေယဉ်ကျေးမှုဖြင့် ပေါင်းကူးဆက်စပ်ပေးလိုသည်။ သစ္စာအင် တာနက်ဝက်ဘ်ဆိုက်သည် ပေါင်းကူးဆက်စပ်ပေးသည့် ယဉ်သာရထားဖြစ်ပါသည်။

သစ္စာအင်တာနက်ဝက်ဘ်ဆိုက်

တာဝန်ခံအယ်ဒီတာအဖွဲ့

Labels:

posted by thitsarforce @ 10:28 PM  
0 Comments:
Post a Comment
<< Home
 
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com