Thitsar

 
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
အရေးတော်ပုံ ၀တ်ဆင်ခဲ့တဲ့ ဦးခေါင်းဝတ်ရုံလွှာ
Tuesday, August 7, 2007
မောင်စိုးချိန်

မြေဟာ
သူ့ချစ်မိတ်ဆွေ လူထုတွေအတွက်
ချီတက်ဖို့
မြေပြင်ကို စန့်အောင် ဖြန့်ခင်းထားလို့။

ငါတို့သွေးကြောတွေထဲမှာ
နွေဦးလို လှပသတ္တိတွေ
သံမဏိသား စိတ်ဓါတ်ခွန်အားတွေ
စီးဆင်းနေကြ...။

ငါတို့ရဲ့ စစ်ချီ တက်ကြွ သီချင်းတွေ
စူးနစ်ကြွေးကြော်သံတွေ
တော်လှန်တဲ့ ရဲတင်းဆိုင်းဘုတ်တွေဟာ
ဖိနှိပ်သူတွေရဲ့ သေနတ်တွေထက်
ထက်မြက်... လက်နက်တွေပေါ့...။

သြဂုတ်လ မိုးစက်
စက်တင်္ဘာ မိုးပွင့် ပုလဲစက်
ငါတို့သူပုန်ခြေလှမ်း
ချီတက်တိုက်ပွဲလမ်းပေါ်
ဦးခေါင်းတွေပေါ်ရွာသွန်းချ
တကယ်က
ငါတို့ဟာသြဂုတ်လ ရေလှိုင်းလုံးတွေဖြစ်ခဲ့
ဟောင်းမြင်းအာဏာရှင်စနစ်ဆေးကြောနေခဲ့
ဆူးလေလမ်းမပေါ်မှစ
နွားချေး ရွံ့နံ့သင်းတဲ့
လယ်ကွင်းပေါ်က မြေ၀ါဝါလမ်း
မြေနီနီလမ်းကလေးတွေအဆုံး
လူလှိုင်းလုံးတွေနဲ့ လှည်းကျင်းနေခဲ့ကြ။

ငါတို့တိုက်ပွဲမြည်ဟိန်းသံ
သွေးအသက်ပေး တောင်းဆိုထစ်ချုန်းသံတွေနဲ့
ငယ်ထိပ်ပေါ်ကကောင်းကင်
ငါတို့နင်းထားတဲ့ မြေပြင်ကိုယက်လုပ်ကြ
လူထုရဲ့သူရသတ္တိတွေကူးစက်
ထက်မြက်ယောက်ျားသွင်ပြင်
အို ဟို ... မြေပြင်ကောင်းကင်ဟာ
ယ္ခင်နဲ့မတူ
ကြည်လင်သန့်ရှင်းသွား
ဂုဏ်ဒြပ်လင်းချင်းပြီး ခန့်ထည်သွားပေါ့။

ရန်သူ့ကျည်ဆံကလဲ
သရဲ မရဲစီးပြီး
သူရဲကောင်းတွေကိုထုတ်ယူသွားခဲ့

ဒါပေမယ့်
သူတို့ရဲ့နီစွေးနှလုံးသွေးတွေက
အရေးတော်ပုံရဲ့ဦးခေါင်းပေါ်
သွန်းလောင်းပေးခဲ့
အရေးတော်ပုံရဲ့ဝတ်ရုံလွှာဖြစ်ဖို့
သွန်းလောင်းပေးခဲ့။

အဲဒီသွေးချင်းချင်းရဲ့
အရေးတော်ပုံ ဦးခေါင်းနဲဝတ်ရုံလွှာ
အနောက်မှာ၊ လိုက်ပါနေကြ
ယ္ခုထိချီတက်နေကြယ္ခုထိချီတက်နေကြ
မလွတ်မြောက်မချင်း လိုက်ပါလာနေကြ။ ။

ဇူလိုင် ၃၀၊ ၂၀၀၇

Labels:

posted by thitsarforce @ 8:02 AM   0 comments
ကျေးဇူးပြုပြီး...
အောင်ပင်လယ်

ကျေးဇူးပြုပြီး
ဘေးနည်းနည်းကပ်ပေးကြပါ ဖယ်ကြပါ
သူတို့ကို ကျနော်တို့ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်။

ကျေးဇူးပြုပြီး
တိုးဝှေ့ဝိုင်းအုံ မနေကြပါနဲ့
စုပြုံရပ်ပိတ်မနေပါနဲ့
သူတို့ကို ကျနော်တို့ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်။

ကျေးဇူးပြုပြီး
ပြင်ထားကြပါ ရှေ့မှာ
စစ်ကား တင့်ကားသံဆူးကြိုးများ
သေနတ်တကားကားနဲ့ကြေးစား...

ကျေးဇူးပြုပြီး
လွင့်ပျံနေတဲ့ အောင်လံတွေနောက်က လိုက်ကြ
ညီညီညွတ်ညွတ်နဲ့ သွေးခင်းလမ်းအတိုင်းချီတက်ကြ။

ကျေးဇူးပြုပြီး
အနာတရနဲ့ သားချင်းတွေကို
လဲကျသွားတဲ့ ကျနော်တို့လူတွေကို
ထူပေးကြပါ ကူကြပါ။

ဒီ အမလေး ဟာ
ရင်ဘတ်ကို ကျည်ဖောက်သွားတာပါ
ခုအထိ သွေးထွက်မရပ်သေးပါဘူး
အမြန်ဆုံးသူမကို ဆေးရုံအရောက်ပို့ကြရအောင်။

ဒီရဟန်းပျိုမှာ
ဦးခေါင်းကို ရှပ်ပြီး ထိမှန်သွားတာပါ
ခုအထိ ကိုယ်တော် သတိမလစ်သေးပါဘူး။

ကျေးဇူးပြုပြီး
သူတို့ကို ကျနော်တို့ ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်
လမ်းပိတ်မထားပါနဲ့ အုံမနေပါနဲ့။

ဟိုဘက်မှာလဲ လူအုပ်ထဲ ဒလစပ်ပစ်ခတ်နေတယ်
ဒဏ်ရာသမားတွေ ပိုပြီးတောင်များနေတယ်
အလုပ်သမား ၀န်ထမ်း ဈေးသည်
ကျောင်းသား လူငယ်လူရွယ်
သွေးအိုင်ထဲမယ်။

အို... ဦးလေးတို့ အဒေါ်တို့
အမတို့ အကိုတို့
မိဘပြည်သူအပေါင်းတို့
အမှန်တရားကို ချစ်မြတ်နိုးသူတို့
အိမ်တိုင်းထွက်ကြပါဗျို့ လမ်းပေးပါဗျို့
သူတို့ကို ကျနော်တို့ ထမ်းပိုးသယ်ထုတ်သွားနိုင်အောင်။

ကျေးဇူးပြုပြီး
အားလုံးကို မှတ်ထားကြစမ်းပါ
သွေးရူးသွေးတန်းနဲ့ ကြောက်ရမ်းခဲ့တဲ့
ဒီစစ်ရာဇ၀တ်ကောင်တွေကို မှတ်ထားကြစမ်းပါ
ဒီသွေးစာရင်း ချွေးစာရင်းကို မှတ်ထားကြစမ်းပါ
ဒီနေ့ဒီရက်ကို မှတ်ထားကြစမ်းပါ။

(ရှစ်လေးလုံး အာဇာနည်များနဲ့ သူရဲကောင်းများသို့...)

Labels:

posted by thitsarforce @ 8:00 AM   0 comments
ပြတိုက်နှစ်ခု
စိုးမြင့်မြတ်

တာဝါလိန်းလမ်း
ဗိုလ်ချုပ်အောင်ဆန်းအိမ်
ပြတိုက်လုပ်ထား
ငါးတန်းအရွယ်ကျောင်းသား
ငါ သွားရောက်ဘူးခဲ့။

ဗိုလ်ချုပ်အသုံးအဆောင်
ဘန်ကောက်ပုဆိုး
ခေါက်ရိုးတွန့်ကြေ
သွေးပေစွန်းထင်း
ငွေဖလားရောင်
တုိက္ပုံအက်ႌ
သွေးညှီနံ့သက်
သေနတ်ကျည်ဆံ
ထိုင်ခုံဖောက်ထွင်း
သည်မြင်ကွင်းတွေ
ခင်းကျင်းပြတိုက်
ငါမြင်လိုက်ရ
လှိုက်ဖိုရင်မော
လက်ဖျားအေးစက်
အိမ်ပြန်လမ်းမှာ
မှတ်ချက်ချခဲ့
သက်မဲ့ပြတိုက်ပေတကား။

တက္ကသိုလ်ရိပ်သာလမ်း
အင်းလျားကန်စပ်
အိမ်အမှတ် ငါးဆယ့်လေး
အုတ်နံရံဆွေးမြေ့
ငုဝါခြောက်သွေ့
သံဆူးကြိုးထပ်
ဝန်းပတ်ကာရံ
သံတိုင်ပြတင်း
ဟင်းလင်းမမြင်
ရုပ်သွင်ပုံရိပ်
ရိပ်ကနဲထင်
ထိတ်ကနဲကြည့်
ဒေါ်စု
လူထုခေါင်းဆောင်
ချုပ်နှောင်ထိန်းသိမ်း
သည်နေရာ
ငါကျော်ဖြတ်လျှက်
မှတ်ချက်ချမိ
သက်ရှိပြတိုက်ပေတကား။

၁၅-၇-၀၇

Labels:

posted by thitsarforce @ 7:57 AM   0 comments
(၇)ရက်ဇူလိုင် အရေးတော်ပုံ
Monday, August 6, 2007
ဝင်းတင့်ထွန်း

-၁၉၆၂ ခုနှစ်
နေ၀င်းနဲ့စစ်အုပ်စုဟာ
ပါလီမန်ကို အပြီးဖျက်သိမ်း
အာဏာသိမ်းပြီး တက်လာတယ်။

-တက်လာ လာခြင်း
နေ၀င်းရဲ့အာဏာသိမ်းမှုကို
ဒီမိုကရေစီဖျက်သိမ်းရေး လုပ်ရပ်
စစ်တပ်အာဏာထူထောင်ရေးအကြံ
ဖေါက်ပြန်တဲ့လှုပ်ရှားမှု အဖြစ်
ဆန်းစစ် ဖွင့်ချ
အတက်ကြွဆုံး ဆန့်ကျင်
တရားဝင်ကန့်ကွက်
ကြေညာချက် သေချာထုတ်ပြီး
ဦးဦးဖျားဖျား ရှုတ်ချခဲ့တာ
ဗကသ ပါ။

-ဒါကြောင့်လဲ
ရဲရင့်တဲ့ ဗကသ
တက်ကြွတဲ့ ကျောင်းသားထုအပေါ်
အပြတ်ဆော်နှိပ်ကွပ်ပစ်ဖို့
စစ်အုပ်စုရဲ့အကြံအစည်ဟာ
အငြိုးကြီးစွာ ရှိခဲ့တယ်။

-ဒါကြောင့်မို့
နယ်ချဲ့တို့ရဲ့လက်ထက်
ကျန်သက်ဘ၀မှာတောင် မရှိဘူးသေးတဲ့
ဖိနှိပ်ရေးကျောင်းစည်းကမ်းအဖုံဖုံကို
တက္ကသိုလ်ပရ၀ုဏ်ထဲသို့ ထုတ်ပြန်
ရာဇသံအစီအစဉ်
စတင်လာတဲ့အချိန်

-၁၉၆၂ ဇူလိုင်(၇)ရက်
ထက်မြက်တဲ့ သမဂ္ဂရဲ့
တက်ကြွတဲ့သမိုင်းအစဉ်အလာနဲ့
ဘယ်အခါမှ ဒူးမထောက်
မကြောက်တရားနဲ့ခွပ်ဒေါင်း
ခေါင်းမော့ပြီးအသင့်ပြင်
စစ်အာဏာရှင်များကို ဆန့်ကျင်ရေး
တွန်သံကြွေးပြီးအသင့်ရင်ဆိုင်
(၇)ရက် ဇူလိုင်ဆိုတဲ့ အရေးတော်ပုံကြီး
မြည်ဟီးထွက်ပေါ်လာခဲ့ပြန်ပါတယ်။

-စစ်အစိုးရ အလိုမရှိ
စစ်အာဏာရှင်စနစ် အလိုမရှိ
အင်အားအပြည့်ကြွေးကြော်သံ
မိုးလုံးညံအောင် ပဲ့တင်ထပ်
ပြတ်ပြတ်သားသားဖေါ်ပြခဲ့ကြတယ်။

-စစ်အုပ်စုရဲ့ အငြိုး
လက်နက်အားကိုးသူများပီပီ
ပြည်သူ့သားကောင်းသမီးကောင်းတို့အပေါ်
ခေါင်းမဖေါ်နိုင်အောင်ပစ်ခတ်
အဓိပတိလမ်းမကြီးလဲ သွေးတွေလွှမ်း
ကံ့ကော်တန်းတွေလဲ ယမ်းနံ့ဖုံး
အဆောင်အားလုံးလဲ ကျည်ဆံသင့်
ရင်နင့်စရာမြင်ကွင်း
အံကြိတ်ရင်း တက်ခေါက်
တက်ခေါက်ရင်းနဲ့ ခွပ်ဒေါင်းအလံအကြား
ကျောင်းသားတို့သွေး မြေခခဲ့ရပြန်ပါတယ်။

-၆၂ခုနှစ် ဇူလိုင်(၈)ရက်
ခေတ်အဆက်ဆက် မော်ကွန်းမှတ်တိုင်
ခိုင်မာတဲ့အမျိုးသားရေး သင်္ကေတ
နယ်ချဲ့များရဲ့လက်ထက်ကတောင်
ယောင်လို့တောင် မတို့မထိဝံ့
လက်တွန့်ပြီး ရှောင်ရှားခဲ့
ကျောင်းသားများရဲ့ ဒေါင်းရိပ်မြုံ
သမဂ္ဂအဆောက်အအုံကြီးကိုလဲ
လက်ရဲ ဇက်ရဲ ဖြိုချ
ဗုံးနဲ့ခွဲပြီး ပြာချပစ်ခဲ့တယ်။

-ဓါး ဓါးချင်း လှံ လှံချင်းတဲ့
နေ၀င်းရဲ့စိန်ခေါ်သံ
မြန်မာ့အသံက တဆင့်
ထုတ်လွှင့်ပြီးကြေညာ
မိုက်ရိုင်းတဲ့နေရာမှာ စံပြုလောက်ပါပေတယ်။

-တကသ
ဗကသ နဲ့ သမဂ္ဂကြီးအပေါ်မှာ
ဘာကြောင့် ဒါလောက်အမုန်းပွား
ရန်းငြိုးထားရက်စက်
ဖျက်ပစ်ချင်ရတာလဲဆိုတာ
သေသေချာချာပြန်ကြည့်
လွယ်လွယ်လေးနဲ့သိနိုင်တာက

-ဗကသ ဆိုတာ
ဗမာပြည်ရဲ့ကျောင်းသားအပေါင်း
ခွပ်ဒေါင်းတို့ရဲ့မွေးဖွားရာ။

-သမဂ္ဂဆိုတာ
ဗမာပြည်ရဲ့သမိုင်းကြောင်း
ခွပ်ဒေါင်းတို့ရဲ့ခိုလှုံရာ

-ဒါကြောင့်
စစ်အာဏာရှင်တွေအတွက်
အာဏာသက်ဆိုးရှည်ဖို့အရေး
ခွပ်ဒေါင်းသွေးဆို အသေသတ်
အပြတ်မြေမြှုပ်ပစ်ချင်ခဲ့ကြတယ်။

-တကသ
ဗကသ
သမဂ္ဂတဲ့
တက်ကြွတဲ့သမိုင်းအစဉ်အလာနဲ့
ဗမာပြည်ရဲ့အထင်ကရ
ထွန်းပတဲ့ဒီအမည်တွေဟာ
ရင်ထဲမှာအစဉ်စူး
နေ၀င်းအတွက် ဆူး
အရူးအမူးဆန့်ကျင်
ထာဝစဉ် ခါးသီးစရာကြီးတွေဖြစ်ခဲ့တယ်။

-တကသ
ဗကသ တို့ရဲ့ သမိုင်းကြောင်း
ပြန်ပြောင်းပေါ်လာလေတိုင်း
အတိုင်းမသိအရှက်ရ
တကသရဲ့ခေါင်းဆောင်စာရင်း
ဗကသရဲ့ခေါင်းဆောင်စာရင်း
နေ၀င်းတယောက်မပါခဲ့ဘူး
ဘယ်ဆီခြေဦးရောက်
ဘာကြောင့်ပြောက်နေရသလဲ
ရဲရဲမဖြေ၀ံ့စရာဖြစ်ခဲ့တယ်။

-ဗမာပြည်သမိုင်းတလျောက်
ထွန်းတောက်ထင်ရှား
ကျောင်းသားများရဲ့ဒေါင်းရိပ်မြုံ
သမဂ္ဂဆိုတဲ့ အဆောက်အအုံကြီးနား
ခြေဖျားလေးတောင်မသီဘူး
မပါဘူးတဲ့ နေ၀င်းဟာ
လိပ်ပြာမလုံဖြစ်ခဲ့ရ
သမဂ္ဂမြင်ရင် ရောဂါတက်
အသရေပျက်ဖွယ်ဖြစ်ခဲ့တယ်။

-ဒါကြောင့်လဲ
တကသ
ဗကသ ကို အသေသတ်
အပြီးအပြတ်ဖျက်ဖယ်သိမ်း
ချုပ်ငြိမ်းသွားအောင်လုပ်ခဲ့တယ်။

-သမဂ္ဂကြီးကို ဗုံးနဲ့ခွဲ
လက်ရဲ ဇက်ရဲ ဖျက်ဖြိုချ
ပြာကျသွားအောင်လုပ်ခဲ့တယ်။

-ဒါပေမယ့်
ကျောင်းသားတွေရဲ့ ၀ိဉာဉ်ထဲ
ရင်ထဲက ဗကသ
ဘယ်တော့မှ မချုပ်ငြိမ်း
ဖျက်သိမ်းပစ်လို့မရပါ။

-ခွပ်ဒေါင်းတွေရဲ့ နှလုံးသားထဲ
ရင်ထဲကသမဂ္ဂ
ဘယ်တော့မှမပြိုပျက်
ဖျက်ဆီးပစ်လို့မရပါ
ကြည့်ကြ
ကြည့်ကြ

ဝင်းတင့်ထွန်း

Labels:

posted by thitsarforce @ 11:43 PM   0 comments
လှေပြိုင်ပွဲကြီး
မြတ်ထက်

နိဒါန်း - တစင်းကအစိမ်း၊ တစင်းကအ၀ါ
လှေပြိုင်ပွဲမှာ။

(၁) အစိမ်းရောင်လှေ
- ငုတ်စိုက်၊ တုတ်ရိုက်
ပဲ့ပိုင်းနဲ့တွဲ ကြိုးချည်ခိုက်
ပဲ့ထိန်းဆရာကြီး လက်ပြလိုက်
ရီးလေးလေး၊ ရီးလေးလေး။

- မျက်နှာထားတင်းတင်း
လှော်အားပြင်း
နာခံလိုက်တဲ့ တပည့်တသင်း
ရီးလေးလေး၊ ရီးလေးလေး။

(၂) အ၀ါရောင်လှေ
- မျက်နှာချင်းဆိုင်
လှေပေါ်ထိုင်
တက်ကိုင်ပြီး အားစိုက်လှော်
ဟုတ်ဘူးနော် - ပြောင်း။

- ဟုတ်ကဲ့၊ ဟုတ်ကဲ့
ပြိုင်တူလှည့် ကျောပေးထိုင်
တက်ကိုင်ပြီး အားစိုက်လှော်
(ဟောတော်)
ထိုနည်း၎င်း။

နိဂုံး - တစင်းကအ၀ါ၊ တစင်းကအစိမ်း
လှေပြိုင်ပွဲ ဇာတ်ဘယ်ခါသိမ်း။ ။



(၁၉၊ ၆၊ ၂၀၀၇)
ဒေါ်စု ၆၂ နှစ်ပြည့် အထိမ်းအမှတ်။

Labels:

posted by thitsarforce @ 11:42 PM   0 comments
ဒီပဲယင်းကားလမ်းက ယူလာပေးပါ
ဖိုးသံ (လူထု)

ကျနော့်ကိုအဲဒီ
ကျည်ရွာအနားက
ခဲကလေးတလုံး၊ မြေလေးတဆုပ်
ထုပ်ယူလာပေးပါ။

ဒါမှမဟုတ်လည်း
လမ်းနံဘေးòခံထဲက
သစ်ရွက်လေးတရွက်
သစ်ခက်လေးတခက်
ချိုင်ယူလာခဲ့ပါ။

ဒါလောက်ကြာမှတော့
ဒီဟာတွေအပေါ်မှာ
အရိုးတစ၊ သွေးတစက်
လက်ရာ၊ ခြေရာ
ဘာကမှ ရှိတော့မှာ မဟုတ်ပါ။

သူတို့ကဘာမှပြောမပြ
ဘာမှလုပ်မပြ
အ၀ိဉာဏက
ဒါ့အပြင်သင်္ခါရမို့
မဲ့တာမတွေ့ရ
ငိုတာလည်းကြားရမှာမဟုတ်ပါ။

ကျနော်သိပါတယ်။

ဒါပေမဲ့ကျနော့်အတွက်
အဲဒီကားလမ်းတ၀ိုက်က
ကျောက်ခဲကလေး၊ မြေမှုံကလေး
သစ်ရွက်ကလေး၊ သစ်ခက်ကလေး
တခုခုတော့ယူလာပေးပါ
ကျနော်အားတဲ့အခါ
ထုတ်-ထုတ်ကြည့်ချင်လို့ပါ။


ဒီပဲယင်းရက်စက်မှု (၄)နှစ်ပတ်လည်အထိမ်းအမှတ်

Labels:

posted by thitsarforce @ 11:40 PM   0 comments
အချိန်မြစ်ထဲမှာ မိတ်ဆွေနဲ့စကားပြောခြင်း
မောင်စိုးချိန်

အဲဒီမြစ်က
ဘော်လ်ဂါလဲမဟုတ်
ယန်စီလဲမဟုတ်

ဧရာဝတီ သံလွင် မဲခေါင်လဲမဟုတ်
သိန်းမြစ်လဲမဟုတ်
ဂင်္ဂါလည်းမဟုတ်ပြန်
... မဟုတ်တဲ့မြစ်
အချိန်ကာလမြစ် ...။

အဲဒီမြစ်က
နှစ် လ ရက် နာရီစက္ကန့်တွေ
ခဏငယ်တွေကို သယ်လာခဲ့တဲ့မြစ်
အချိန်ကာလမြစ်
မြစ်က ... ၀ါးလုံးထိုးအရှိန်နဲ့ စီးဆင်းနေလို့ ။

အတိတ်စက္ကန့်တွေ
ငါတို့ကိုနှုတ်ဆက်ထားခဲ့လေရဲ့
အနာဂတ်ခဏငယ်တွေ
ငါတို့ကို ကြိုနေပွေ့ဖက်
ငါတို့ရှေ့ မျက်နှာစာမှာ ... ။


“ဟေရာကလိုက်တပ်” ... က
လူဟာမြစ်ထဲ နှစ်ခါမဆင်းနိုင်ဘူးတဲ့
ဒုတိယအကြိမ်တွေ့တဲ့ရေဟာ
ပထမအကြိမ်တွေ့ခဲ့တဲ့ ရေမဟုတ်တော့
ပြောင်းပေါ့ ...။

၅၆ နှစ်ပြည်တွင်းစစ်
အဲဒီမြစ်က တနင့်တပိုးသယ်သွားခဲ့
ပြီးခဲ့တဲ့ ၁၅ နှစ်
အဲဒီမြစ်ကပဲ ဒရွတ်တိုက်ဆွဲချသွားခဲ့။

ရဲရင့်သက်ဇွဲရေ
တုံးအောက်ကဖားဘ၀က
ကျုပ်တို့က တွန်းပို့နေခဲ့
တောင်းဆိုနေခဲ့
အချိန်မြစ်ရဲ့
ပြောင်းလဲမှုတွေက သင်ကြားနေခဲ့
အချိန်မြစ်ထဲ ခုန်ဆင်းကြ
ကျုပ်တို့လက် ကျုပ်တို့တက်
ကျုပ်တို့လှေနဲ့
ကျုပ်တို့မြေအတွက်
ရုန်းကြရ ကြုံးကြရအုံးမယ်ပေါ့။


လက်အသိန်းအသန်း
မြစ်ကမ်းထက်က ခုန်ဆင်းကြ
အချိန်မြစ်ရဲ့
လွတ်မြောက်ရေးဒီရေလှိုင်းသံတွေက
ကျုပ်တို့ကို စိန်ခေါ်နေပေါ့။ ။

Jan, 16, 2005

Labels:

posted by thitsarforce @ 11:36 PM   0 comments
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com